Jailbreak လုပ်ပြီးသား iDevice လေးမှာ icons လေးတွေ က နေတာကို မမြင်ချင်ဘူးလား...
ဟိုတစ်လောက ကျောင်းမှာ သူငယ်ချင်းတစ်ယောက်ယူလားတဲ့ iPad တစ်လုံးထဲမှာ အောက်က Docks မှာရှိနေတဲ့ icons လေးတွေက ခုံနေတာတို့၊ လည်သွားတာတို့ တွေ့တော့တော်တော်သဘောကျမိတယ်. က နေတဲ့အတိုင်းပဲ ဘာပဲပြောပြော မျက်စိပသာဒ တော့တော်တော်ရှိတယ်. လန်းတယ်ပေါ့ဗျာ. အဲ့တုန်းက တော့ iDevice ကလည်းမရှိလေတော့ ဒီတိုင်းပဲ ကြည့်နေရတာပေါ့လေ. ခု ကလိစရာလေးက ရထားတော့ အဲ့ တုန်းကဟာလေး ကို လိုက်ရှာမိတယ်ဗျာ. ဟီး... အဲ့ tweak လေးရဲ့ နာမည်မသိတာကတစ်ကြောင်း၊ iDevice ကခုမှ စ ကလိဖူးတာက တစ်ကြောင်းဆိုတော့ နည်းနည်းတော့တိုင်ပတ်သွားတယ်.
ဟုတ်ပြီ ကျွန်တော်တို့ IconBounce ဆိုတာလေးကို သွင်းဖို့ပထမဆုံး ကျွန်တော် iDevice က jailbreak လုပ်ပြီးသားဖြစ်ရပါမယ်. နောက် proxy မပါတဲ့ internet line ကို ချိတ်ဆက်ထားရပါမယ်. အဲဒါတွေအိုကေပြီဆိုရင်တော့ စကြမယ်ဗျာ.
အဆင့် ၁
home screen ပေါ်က cydia icon ကနေတစ်ဆင့် cydia ထဲကို ဝင်ပေါ့ဗျာ. ပြီးရင် search ထဲကို သွားပါ.

အဆင့် ၂
အပေါ်မှာ ပြထားတသလို IconBounce ဆိုတာလေးကိုရွေးလိုက်ပါ. ပြီးရင် install ဆိုတာကိုရွေး. နောက် install လုပ်မှာ သေချာပါသလားလို့မေးရင် comfirm လုပ်ပေးလိုက်ရုံပါပဲ.

အဆင့် ၃
comfirm လုပ်ပြီးသွားရင် install စလုပ်ပါပြီ ခဏစောင့်လိုက်ပါ. Running ပြီးသွားရင် Complete ဖြစ်သွားတဲ့ အခါ Restart SpringBoard ကိုနှိပ်လိုက်ပါ. အဲဒါဆိုရင် အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ပါတယ်. ဒီအဆင့်မှာ Error ဖြစ်တတ်ပါတယ်. Connection မကောင်းတာတို့၊ Cydia Server busy ဖြစ်နေတာတို့ကြောင့်ပါ. အဲလိုအခါမျိုးမှာ home button နှိပ်ပြီးထွက်လိုက်ပါ. ပြီးရင် home screen ကို Double Click နှိပ်ပြီး အောက်မှာ ပေါ်လာတဲ့ Cydia icon လေးကို ဖိထားလိုက်ပါ. icon လေး လှုပ်လာရင် အပေါ်ထောင့်က အနှုတ်လေးကို နှိပ်လိုက်ပါ. ပြီးရင် Cydia ကိုဖွင့်ပြီးပြန်လုပ်ကြည့်ပါ.

0 comments:
Post a Comment