Window 7 တင်တော့မယ်ဆိုလျှင်
ပထမဦးဆုံး မိမိရဲ့ DVD Drive ထဲမှာ Window 7
Inst အခွေကို ထဲ့ပြီး BIOS ထည်းဝင်ခါ First Boot ကို မိမိရဲ့ DVD Drive ကို
ရွေးပြီး Save မှတ်ပြီး BIOS ထဲက ထွက်လိုက်ပါ။

၁။ ကျွန်တော်တို့ BIOS ထဲမှာ Boot လုပ်ဖို့ပြီး Restart ပြန်တက်လာတဲ့အခါမှာ Window 7 ကို
Installation စတင်လုပ်ဆောင်တဲ့အခါမှာ Window 7 Boot CD မှ Installation
လုပ်ဆောင်ဖို့အတွက် လိုအပ်တဲ့ Driver files တွေကို Loading
စလုပ်မှာဖြစ်ပါတယ်။၂။ Windows 7 installationကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။
ဘာမှမလုပ်နဲ့ ဒီအတိုင်းသာ ထိုင်ကြည့်နေ။






၃။ Language , Time and Currency format နှင့် Keyboard or input method မှာ ရွေးချယ်ပေးရမယ်။
ပြီးလျှင် Next ကို Click နှိပ်လိုက်ပါ။


၎။ Install Now ကို နှိပ်လိုက်ပါ။


၅။ မိမိကွန်ပျူတာရဲ့ Hardware ပေါ်မှုတည်ပြီး အချိန်အနည်းအများကြာပါလိမ့်မယ်။ ခဏစောင့်ပေးပါ။


၆။ Accept the License terms ကို အမှန်ခြစ်ပေးပြီး Next ကို နှိပ်လိုက်ပါ။


၇။ ကျွန်တော်တို့ Upgrade installation နဲ့ Custom installation (၂)ခုထဲက တစ်ခုကိုရွေးချယ်ရပါမယ်။

Upgrade installation ဆိုတာ မိမိကွန်ပျူတာမှာ Window 7 မတိုင်မှီ
သူ့ရှေ့က Older Version ဖြစ်တဲ့ Window Vista ကို တင်ထားပြီး အခုမှ Window 7
ကို ထပ်တင်တယ်ဆိုရင် ဒါဟာ Upgrade installation လုပ်တာဖြစ်ပါတယ်။

Custom installation ဆိုတာ မိမိကွန်ပျူတာမှာ ဘယ် Window OS တင်ထားတင်ထား လက်ရှိ Window 7 နဲ့
အသစ်ပြန်စတင်ပေးမှာ ဖြစ်ပါတယ်။

မိမိရဲ့ ကွန်ပျူတာမှာ Window Vistaရှိနေတယ်ဆိုရင် Upgrade installation ကို ရွေးပေးပါ။ ဒါမှမဟုတ် Window
XP ဆိုရင်တော့ Custom installation ကို ရွေးပေးပါ။


၈။ Harddisk ကို Format မချတော့ပဲ Partition မပိုင်းတော့ပဲ Window 7 တိုက်ရိုက်တင်မယ်ဆိုရင် Next
ကိုပဲနှိပ်လိုက်ပါ။ ဒါမှမဟုတ် Hard Disk ကို Format မယ် Partition တွေ
ထပ်ပိုင်းမယ်ဆိုရင် Drive Options ကို နှပ်ပြီး
မိမိစိတ်တိုင်းကျပြင်ဆင်ပြီး Next ကို နှိပ်လိုက်ပါ။






၉။ Windows 7 ရဲ့ Major Components တွေ installs စလုပ်မှာဖြစ်ပါတယ်။
မိမိကွန်ပျူတာရဲ့ Process ပေါ်မှုတည်ပြီး ၁၀ မိနစ်ကနေ ၁နာရီထိ ကြာနိုင်ပါတယ်။



၁၀။ မိမိကွန်ပျူတာကို Reboot ပြန်လုပ်မှာဖြစ်တဲ့အတွက် Restart
လုပ်ခိုင်ပါလမ့်မယ်။ Restart now ကို နှပ်လိုက်ပါ။ မနှိပ်လည်း
သူသတ်မှတ်ပေးထားတဲ့ စက္ကန့်ပြည့်သွားလျှင် သူအလိုလို Restart
လုပ်ပေးပါလိမ့်မယ်။



၁၁။ Window ပြန်တက်လာရင် ဘာမှမလုပ်ပဲ ဒီအတိုင်းကြည့်နေလိုက်ပါ။
သူလုပ်စရာရှိတာတွေလုပ်ပြီး Restart ပြန်ကျသွားပါလိမ့်မယ်။:)






၁၂။ ဒီအဆင့်ရောက်လျှင် Screen ကို သေသေခြာခြာကြည့်ပါ။ ပထမဦးဆုံးအကြိမ် Window
7 ကို စတင်တဲ့တကြိမ်ပဲ ဖော်ပြပေးမှာဖြစ်ပြီး နောက်ပိုင်း Window
တက်လာတိုင်း မြင်တွေခွင့်ရမှာ မဟုတ်တော့ပါဘူး။ ကဲ အခွင်အရေးကိုတော့
လက်လွှတ်ဆုံးရှုံမခံသင့်ဘူးထင်တယ်နော်.....ကျွန်တော်ကတော့ Window တင်တိုင်
စိတ်မရှည်လို့ အမြဲတမ်း ပစ်ထားပြီး လက်ဖက်ရည်ဆိုင်သွားနေတက်တယ်... တခါမှကို
မကြည့်ဘူး .... :)





၁၃။ ဒီနေရာမှာတော့ Window 7 မှာ ပါတဲ့ Aero ကို လုပ်ဆောင်နိုင်ဖို့
သူသတ်မှတ်ထားတဲ့ video performance ရှိမရှိကို စတင်စစ်ဆေးပါလိမ်မယ်။
အချိန်အနည်းငယ်စောင့်လိုက်ပါ။



၁၄။ User Name နဲ့ Computer Name ကို ပေးလိုက်ပါ။ ပြီးလျှင် Next ....



၁၅။ မိမိကြိုက်တဲ့ Password ပေးလိုက်ပါ။





၁၄။ ဒီနေရာမှာကတော့ ရှော့နည်းနည်းရှိတယ်။ မိမိက တကယ့် Genuine Windows 7 DVD
မှုရင်းအခွေကို ၀ယ်သုံးရင်တော့ သူမှာ Key ပါလာလိမ့်မယ် 32 bit ရော 64 bit
ရောအတွက် Product key က အတူတူပဲဆိုတော့ ကူးထည့်လိုက်ယုံပဲ။ ဒါမှမဟုတ်
ကျွန်တော်တို့ မြန်မာနိုင်ငံမှာလို DVD ၁ခွေ ၁၀၀၀ နဲ့ ၀ယ်တာဆိုရင်တော့
Automatically activate Windows when I'm online. ကိုသာ မဲးပေးပြီး
(အယ်...ယောင်လို့ ) အမှန်ခြစ်ပေးပြီး Next ကို နှိပ်လိုက်။ ဒီက
အခွေအများစုမှာတော့ Activated လုပ်ပြီးသာပါ။



၁၅။ ဒီနေရာမှာတော့ Use Recommended Settings ကိုပဲ ရွေးလိုက်ပါ။
မလိုချင်နောက်မှ ပြန်ချိန်းလိုက်ပေါ့ ..... ကြိုတင်ပြောထားတယ်နော်...း)




၁၆။ နေ့ရက်၊ အချိန်နဲ့နာရီကိုတော့ မိမိစိတ်တိုင်းကျထည့်လိုက်ပါ။


၁၇။ အိမ်မှာပဲ သုံးတာဆိုရင်တော့ Home Network ကိုေ၇ွးလိုက်ပါ။ အလုပ်မှာ
Network ချိတ်ပြီးသုံးရရင်တော့ Work network ကိုရွေးလိုက်ပါ။ ဒါမှမဟုတ်
Mobile Broadband လိုမျိုးတဲ့နေရာတွေမှာဆိုရင်တော့ Public network ကို
ရွေးလိုက်ပါ။






၁၈။ ဒါကတော့နောက်ဆုံးအနေနဲ့ finalizing settings လုပ်နေတာပါ။




၁၉။ ဒီအဆင့်ပြီးရင်တော့ Window တာ ပြီးဆုံးပါပြီ။




ဒီလောက်ဆိုရင် Window 7 Install ပြုလုပ်လို့ရမယ်ထင်ပါတယ်။Software လေးကတော့ ကျွန်တော် နောက်ရှာလို့ ရရင် ပြန်တင်ပေးပါမယ်ဗျာ။ အဆင်ပြေကြပါစေဗျာ။
From - http://www.nyinaymin.com/



0 comments:

Post a Comment

 
Top