iPhone ကိုင်ပြီး iTunes အကောင့်မရှိသေးတဲ့သူတွေ အတွက် iTunes အကောင့်လုပ်နည်း တင်ပြပေးလိုက်ပါမယ်။ iTunes အကောင့်က Credit Card ရှိမှမဟုတ်ပါဘူး။ ဘာ Card မှမလိုဘဲ iTunes အကောင့်တစ်ခုလုပ်လို့ ရပါတယ်။ iTunes Account လုပ်နည်း Step by Step ပြသွားပါမယ်။

1. အရင်ဆုံး iTunes Store မှာ Free App တစ်ခုကိုသွားရပါမယ်။ ကျွန်တော့် ဒီ Tutorial လေးမှာတော့ Skype ကနေလုပ်ပြထားပါတယ်။ Search မှာ Skype လို့ ရိုက်ပြီးရှာနိင်ပါတယ်။ ပြီးရင် Free ဆိုတဲ့ Button လေးကိုနှိပ်လိုက်ပါ။
















2. Sign In to download from the iTunes Store ဆိုပြီး iTunes Account လာတောင်းလိမ့်မယ်။ ကိုယ့်မှာ iTunes အကောင့်မရှိသေးတဲ့အတွက် Create New Account ကိုနှိပ်လိုက်ပါ။
















3. Create New Account ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း ပေါ်လာလိမ့်မယ်။ Continue နဲ့ ပဲဆက်သွားလိုက်ပါ။














4. I have read and agree to these terms and conditions မှာ အမှန်ခြစ်ပေးပြီး Continue နဲ့ ဆက်သွားပါ။


















5. Email တွေ Password တွေဖြည့်တဲ့ Form မှာ ပြည့်စုံစွာဖြည့်လိုက်ပါ။ ပြီးရင် Continue နဲ့ ပဲဆက်သွားပါ။





















6. ပြီးရင် Credit Card တောင်းတဲ့နေရာ ရောက်လာလိမ့်မယ်။ None ကိုရွေးလိုက်ပါ။
အောက်မှာကျွန်တော် နမူနာပြထားတဲ့ပုံအတိုင်း ဖြည့်ပြီး Continue နဲ့ ပဲဆက်သွားလိုက်ပါ။




















7. ပြီးသွားရင်တော့ Apple က သင်ဖြည့်လိုက်တဲ့ Email ကို Verify လုပ်ခိုင်းလိမ့်မယ်။








8. သင့်ရဲ့ Mail ထဲကိုသွားပါ။ Apple ကပို့ လိုက်တဲ့ Mail တစ်စောင်ရောက်နေလိမ့်မယ်။

















9. Apple က ပို့ လိုက်တဲ့ Mail ထဲကနေ Verify Now> ကိုနှိပ်လိုက်ပါ။

















10. အပေါ်မှာ အကောင့်လုပ်တုန်းကပေးထားခဲ့တဲ့ Email (Apple ID) နဲ့  Password ကိုဖြည့်ပြီး Verify Address ကိုနှိပ်လိုက်ပါ။


















11. အောက်မှာပြထားတဲ့အတိုင်း Thank you for verifying your email address ဖြစ်သွားခဲ့ရင်တော့US iTunes အကောင့်တစ်ခု အောင်မြင်စွာဖန်တီးပြီးသွားပြီ ဖြစ်ပါတယ်။
















အားလုံးပဲ အဆင်ပြေစွာလုပ်နိင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
credit to     Zin Ko Oo

0 comments:

Post a Comment

 
Top