ဆွီဒင်နိုင်ငံအခြေဆိုက် Koenigsegg ကုမ္မဏီကလည်း ကမ္ဘာ့ဈေးအကြီးဆုံး နဲ့အမြန်ဆုံး ပြိုင်ကားတွေကိုပဲ ဦးစားပေးထုတ်လုပ်ပါတယ်။ ယခု အသစ် ထုတ်တဲ့ကားကို ဂျနီဗာ မော်တော်ယာဉ် ပြပွဲမှာ ပြသထားပါတယ်။

ကမ္ဘာ့အမြန်ဆုံးဖြစ်လာမယ်လို့ဆိုထားပါတယ်။ Agera R လို့အမည်ရပြီး မြင်းကောင်ရေအား ထုတ်လုပ်မှု ၁၁၄ဝ ရှိပြီး တစ်နာရီ ၂၇၃ မိုင်အထိ top speed တင်နိုင်မယ်လို့သီအိုရီဆန်ဆန် တွက်ချက်ပြသ ထားပါတယ်။ အင်ဂျင်အရွယ် ၅ဝဝဝ စီစီ၊ ဆလင်ဒါ ၈လုံးပူး အင်ဂျင်ပေမယ့် မြင်းကောင်ရေအား ထုတ်လုပ်မှု ထောင်ကျော်အောင် ဆီအချိုး ပေါင်းစပ်မှု နည်းပညာ အဆင်မြင့်ထားပါတယ်။

ဒီဇိုင်းအားဖြင့်လည်း အပြစ်ပြောစရာ တောင် မရှိပါဘူး။ McLaren P1 နဲ့Ferrari LaFerrari တို့လို ပြိုင်ကားကို အသာလေး ကျော်နိုင်မယ်လို့ပြောဆို ကြပါတယ်။ ၂ဝ၁၃ နှစ်ကုန်ပိုင်းမှာ ဖြန့်ချိမယ့် စူပါကား ဖြစ်ကြောင်း သိရပါတယ်။
--
Ref: autoblog
ColayAutomobile

0 comments:

Post a Comment

 
Top