ဂျက်ကီအဒမ်စ်နှင့် ဆန်ဒရာဘက်ဟမ်းတို့သည် ဘက်ဟမ်း ဇနီးမောင်နှံ၏ ကလေး(၄)ဦးကို ပြုစု ပျိုးထောင် စောင့်ရှောက်ပေးခြင်းကြောင့် ဒေးဗစ်ရော၊ ဗစ်တိုးရီးယားပါ ပရော်ဖက်ရှင်နယ် ဘဝနှင့် ပုဂ္ဂိုလ်ရေး ဘဝကို ညီညီမျှမျှ အချိန်ပေး ဖြတ်သန်းနိုင်ရန် အထောက်အကူ ရရှိခဲ့သည်။

ဒေးဗစ်ဘက်ဟမ်းနှင့် ဗစ်တိုးရီးယား ဘက်ဟမ်းတို့သည် ၎င်းတို့၏ မိခင်များက ကလေးကူထိန်းပေးသည့်အတွက် ကျေးဇူးတင်ရှိသည့် အနေဖြင့် တန်ဖိုးကြီး ပြိုင်ကားတစ်စင်း လက်ဆောင် ဝယ်ပေးခဲ့ကြောင်း သိရှိရသည်။ ဂျက်ကီအဒမ်စ်နှင့် ဆန်ဒရာဘက်ဟမ်းတို့သည် ဘက်ဟမ်း ဇနီးမောင်နှံ၏ ကလေး(၄)ဦးကို ပြုစု ပျိုးထောင် စောင့်ရှောက်ပေးခြင်းကြောင့် ဒေးဗစ်ရော၊ ဗစ်တိုးရီးယားပါ ပရော်ဖက်ရှင်နယ် ဘဝနှင့် ပုဂ္ဂိုလ်ရေး ဘဝကို ညီညီမျှမျှ အချိန်ပေး ဖြတ်သန်းနိုင်ရန် အထောက်အကူ ရရှိခဲ့သည်။ ထို့ကြောင့် ဗစ်တိုးရီးယားတို့ နှစ်ဦးက မိခင်များအား ကျေးဇူးတင်ရှိသည့် အနေဖြင့် စတာလင်ပေါင် ငါးသောင်းတန် ဇိမ်ခံပြိုင်ကား တစ်စင်းကို လက်ဆောင်အဖြစ် ဝယ်ပေးခဲ့ခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။

စူပါစတား ဇနီးမောင်နှံနှင့် နီးစပ်သူ တစ်ဦးက "ဒေးဗစ်ရော၊ ဗစ်တိုးရီးယားပါ သူတို့ရဲ့ ကျေးဇူးတင်ရှိမှုကို ပြသဖို့ ငွေကြေးသုံးစွဲရမှာ တွန့်တိုမနေပါဘူး။ အမေတွေက သူတို့ကလေးတွေကို စောင့်ရှောက်ပေးနေတဲ့ တန်ဖိုးကို နှစ်ယောက်လုံး ကောင်းကောင်း နားလည်ပါတယ်။ ဒါကို ကျေးဇူးတင်ကြောင်း ပြချင်လို့ ခုလို လက်ဆောင်ပေးခဲ့တာပါ။ အင်္ဂလန်ကို သူတို့တွေ ပြန်ရောက်လာကတည်းက အမေနှစ်ယောက်က မြေးတွေကို လိုလေးသေးမရှိ အစစ အရာရာ အဆင်ပြေအောင် ထိန်းသိမ်းပေးနေတယ်လေ။ တကယ်ဆို သူတို့ရဲ့ အလုပ်တွေရယ်၊ ကလေး(၄)ယောက်ရယ်ကို မျှတအောင် စီမံဖို့ မလွယ်ပါဘူး။ ဒီလို မိခင်ကောင်းတွေ ရှိနေတာက သိပ်ကံကောင်းတယ်လို့ ဒေးဗစ်ရော၊ ဗစ်တိုးရီးယားပါ ယူဆနေပါတယ်"ဟု ပြောကြားသွားသည်။

ဂျက်ကီနှင့် ဆန်ဒရာတို့သည် သူမတို့ လက်ဆောင်ရရှိသည့် Audi မော်တော်ကားသစ်ကို အလွန်သဘောကျနေကြောင်းလည်း သိရှိရသည်။ ယင်းတို့၏ မိတ်ဆွေ တစ်ဦးက "ဒီလက်ဆောင်ကြောင့် နှစ်ယောက်လုံး နင့်နင့်နဲနဲ ကျေးဇူးတင် ခံစားနေရပါတယ်။ ဘာပဲဖြစ်ဖြစ် နှစ်ယောက်စလုံးက ဒေးဗစ်နဲ့ ဗစ်တိုးရီးယားတို့ လန်ဒန် ပြန်လာတာကို သဘောကျနေတယ်။ သူတို့က မြေးတွေနဲ့ နီးနီးနားနား နေချင်ကြတယ်လေ"ဟု မှတ်ချက်ပြုသွားသည်။
Planet
Related

0 comments:

Post a Comment

 
Top