Abu Dhabi Airports Company (ADAC) အဘူဒါဘီလေဆိပ်ကုမ္မဏီက လေဆိပ်မှာ လူတစ်ယောက်ကောင်းကောင်းအိပ်စက်နိုင်မည့် အီလက်ထရောနစ် စက်တစ်ခုကို တပ်ဆင်ထားပါတယ်။ထိုင်လျက်အနေအထားနှင့်နေနိုင်သလို အိပ်ချင်ရင် လှဲလိုက်လို့ရပါတယ်.အပေါ်က ဟိုက်ဒရောလစ်တံခါးလေးက အလိုလို ပိတ်ပေးမှာဖြစ်ပြီး အထဲမှာပါတဲ့ အဲကွန်းကလဲ အပူချိန်ကိုထိန်းညှိပေးမှာဖြစ်ပါတယ်။အပြင်ကလူတွေရဲ့ စကားသံတွေနဲ့ လေယာဉ်ရဲ့ ဆူညံသံတွေကို မကြားရအောင်ဆောင်ရွက်ပေးထားပြီး ဈေးနှုန်းသက်သက်သာသာနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။၁၂ နာရီကို ၁၂ ဒေါ်လာသာ ကျသင့်မှာဖြစ်ပါတယ်။

http://www.youtube.com/watch?feature=player_embedded&v QAawiY_sMt4

မောင်စိုင်း

(ကနောင်)
Scientist Myanmar

0 comments:

Post a Comment

 
Top