သိပ္ပံပညာရှင် တွေရဲ့ သေခြင်းကို နောက်ပြန်သွား နိုင်မယ့် ထာဝရ ရှင်သန်နိုင်မယ့် စမ်းသပ်ချက် တွေ အပေါ်ကို အား ကိုးထားတဲ့ Google ရဲ့ Project အသစ်က လူသားများ အတွက် ထာဝရ အသက်ရှင် စေနိုင်မလား။
သိပ္ပံပညာရှင် အချို့က အိုမင်း ရင့်ရော် တာကို နောက်ပြန် သွားအောင် လုပ်လို့ ရတယ်လို့ စမ်းသပ်မှု တချို့မှာ တွေ့ရှိ ရပါတယ်။ Google ရဲ့ကုမ္ပဏီ အသစ်က ဒီတွေ့ရှိချက် တွေကို အားကိုးပြီး မသေဆေးကို ရှာဖွေရန် ကြိုးစားနေ ပါတယ်။ ဒါက ဖြစ်နိုင် ပ့ါမလား။

Google to Solve Death?

ဘယ်သူကမှ ဒါကို ဖြစ်နိုင်တယ်လို့ သေချာပေါက် မပြောနိုင် ပေမယ့် အခုတော့ ဖြစ်နိုင်ချေ ရှိတယ်လို့ ပြောလို့ ရပါပြီ။ ဘာကြောင့်လည်း ဆိုတော့ အသက်ရှည် ဆေးကို လေ့လာတဲ့ သိပ္ပံပညာရှင် တွေက ဒီဆေးကို နောက်နှစ် ၂၀မှာ ထုတ်လုပ် နိုင်တော့မယ်လို့ ဖော်ပြ ထားလို့ပါ။ အခု လောလော ဆယ်တော့ စမ်းသပ်မှုနဲ့ သီအိုရီ တွေအရ ဘယ်အရာ ကမှ လူတွေကို အသက် ရှည်အောင် လုပ်လို့ မရသေး ပါဘူး။ လေ့လာ စမ်းသပ်မှု တွေမှာ ကျရှုံးမှု များစွာနဲ့ တွေ့ကြုံနေ ရပါတယ်။ အသက်ရှည် ဆေးနဲ့ ထာဝရ နုပျိုခြင်း နည်းပညာ (stem-cell regenerative health technology) ကဆဲလ်များကို ထာဝရ နုပျိုစေ နေမယ် ဆိုတာ တစ်နေ့မှာ ဖြစ်လာမှာပါ။ ဒါပေမယ့် ဒီအသက်ရှည် ဆေးကို သောက် ရမယ့် လူဆိုတာ တစ်သက်လုံး ဖြူစင် ရိုးသား စွာ နေထိုင်မှ သောက်ခွင့် ရမယ် ဆိုရင်တော့ ဒီဆေးကို ဘယ်သူမှ သောက်လို့ ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် နောင်နှစ် ၂၀ကို ရောက် ရင်တော့ ဒီထာဝရ နုပျိုဆေးကို လက်တစ်ဆုပ် စာသော လူတွေကသာ သောက်သုံးခွင့် ရှိလာမယ်လို့ ခိုင်လုံတဲ့ သတင်းများက ဆိုပါတယ်။ လက်တစ်ဆုပ် စာသော လူတွေ အတွက် မဟုတ်ဘဲ ကမ္ဘာပေါ်က လူတိုင်း အတွက် ဖြစ် လာမယ် ဆိုရင်တော့ ဒါက နိဗ္မာန်တော့ မဟုတ်ပါဘူး။

Google to Solve Death?

အမြင် ၂ခုလုံးက အရမ်းကို အစွန်းရောက် ပါတယ်။ အသက်ရှည်ဆေး ဆိုတာ  ချမ်းသာသူများ အတွက်သာ ဖြစ်နိုင်တယ် လို့ဆိုရင် ဒါက ချမ်း သာတဲ့လူ ၁ရာခိုင်နှုန်းနဲ့ ဆင်းရဲတဲ့ ကျွန်တော်တို့ကို ခွဲခြားထားခြင်း ဖြစ်လာမှာပါ။ ဒါမှမဟုတ် ထာဝရ နုပျိုဆေးက လူတိုင်း အတွက် ဆိုရင် ကမ္ဘာဂြိုလ်မှာ လူဦးရေ ထူထပ်ခြင်း၊ ပြန်လည် နုပျိုပြီး နေထိုင်ခြင်း အတွက် ဥပဒေများ လိုအပ် လာမှာ ဖြစ်ပါတယ်။ ဒီဆေး တကယ်ရှိ လာ ခဲ့လျှင် ဆိုပြီး တွေးတော ကြည့်တော့ တို့တတွေက နောက်လူသားတွေ ကမ္ဘာပေါ်မှာ ဖြစ်မလာ အောင်များ တားဆီး ကြမလားလို့ ထင်မိပါ တယ်။ ဒီတော်လွန်းတဲ့ လူတွေက အသက်ရှည် နေထိုင်ပြီး သူတို့ရဲ့ ဗဟုသုတနဲ့ အသိဥာဏ်လေး အပေါ်မှာ အခြေခံပြီး ဆယ်စုနှစ် များစွာ လွှမ်းမိုး နေနိုင်ရာ ကနေ ရာစုနှစ် များစွာထိ အတ္တကြီးစွာ ဆက်လက် လွှမ်းမိုး နေကြပြီး နောက်ထပ် အိုင်းစတိုင်းလို လူတွေ ထပ်ထွက်လာခွင့် မပေးတော့ရင် ဆိုတဲ့ အတွေးတွေက ထိတ်လန့် စရာပါ။ အခုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါတွေက မှန်းဆချက် တွေသာ ဖြစ်ပါ တယ်။ ကျွန်တော်တို့ တတွေ ထာဝရ မသေဘဲ နေနိုင်မယ် ဆိုတာ အိပ်မက်လား၊ တကယ် ဖြစ်လာ နိုင်မလား ဆိုတာ စောင့်ကြည့် ရမှာပါ။

Google to Solve Death?

Images from readorbit, kinja, Source - Kinja

0 comments:

Post a Comment

 
Top