အိန္ဒိယနိုင်ငံအပါအဝင် အခြားရွေးချယ်ထားသော နိုင်ငံများမှာ iPhone 5 အတွက် ကမ္ဘာလုံးဆိုင်ရာ အာမခံစနစ် (Global Warranty)
ပေးသွားတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ ယခင်ကာလများက iPhone
မော်ဒယ်အကုန်လုံးနီးပါးကို အာမခံစနစ် ပိတ်ပင်ထားမှုများရှိခဲ့ပါတယ်။

ယခုအခါမှာတော့ Apple iPhone 5 အတွက် အာမခံစနစ်ကို စဖွင့်ပေးတော့မှာပါ။ နောက်ပိုင်းအခြား iPhone မော်ဒယ်တွေအတွက် အာမခံစနစ်တွေကို ဆက်ပေးသွားတော့မယ့် အလားအလာရှိနေပါတယ် ။
အာမခံပေးရာမှာ ရွေးချယ်ထားတဲ့ နိုင်ငံတွေသာ အကျုံးဝင်မှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့နိုင်ငံတွေကိုတော့ မထုတ်ပြန်ထား သေးပါဘူး။

အဆိုပါ အာမခံစနစ်ကို စက်တင်ဘာ ၂၇ ရက်နေ့မှာစတင်မယ်လို့ ဆိုပါတယ်။ အာမခံရမယ့် iPhone 5 မော်ဒယ်တွေက GSM with Dual-band 4G LTE support (A1428), GSM with Tri-band 4G LTE support (A1429) နဲ့ CDMA model (A1429) တို့ပဲ ဖြစ်ပါတယ်။
 
မေသဇင်

0 comments:

Post a Comment

 
Top