FF
ပရိသတ်တွေ အနေနဲ့ ဒီဇာတ်လမ်း တွဲကြီးဟာ ရှည်သင့် သလောက် ရှည်နေပြီလို့
ထင်ကြမှာပါ။ သို့ပေမယ့် ဇာတ်လမ်း ထုတ်လုပ်သူတွေ ကတော့ ဆက်လက် ထုတ်လုပ်ဖို့
ဆန္ဒ ရှိနေတဲ့ အတွက်ကြောင့် FF 7 ကိုထပ်မံ ကြည့်ရှု ရဦးမှာ ဖြစ်ပါတယ်။ Fast
& Furious: Tokyo Drift က Japan ကိုပြောင်းလာပြီး အန္တရာယ် များတဲ့
Drift လောကထဲ ၀င်ခဲ့တဲ့ Sean Boswell အဖြစ် သရုပ်ဆောင် ခဲ့တဲ့ Lucas
Blackဟာ ခုလာမယ့် FF 7 မှာပါဝင် ပါဦးမယ်။ FF ပရိသတ်တွေ အနေနဲ့ FF: Tokyo
Drift တုန်းက ဘယ်လို ပြီးဆုံးသွား တယ်ဆိုတာ မှတ်မိကြပါဦး မယ်။ Dominic
Toretto (Vin Diesel) နဲ့ Sean (Lucas Black) တို့ဟာ သေဆုံး သွားတဲ့ Han
(Sung Kang) အမှတ်တရ ကားမောင်းပြိုင်နေ တုန်းပြီးသွား ကြတာပါ။ ယူဆကြ
တာကတော့ Sean ဟာအဲဒီ ကားမောင်း ပြိုင်တဲ့အခါ သူ့အစွမ်းကို သေချာ ပြနိုင်ရင်
Dom ဟာသူ့ကို အဖွဲ့ထဲ ၀င်ခိုင်းပြီး Han ရဲ့သေဆုံးမှု အပေါ် လက်စားချေ
ကြမယ်လို့ပါ။ အဲဒါလည်း ဖြစ်နိုင်တဲ့ ယူဆချက် တစ်ခု ဖြစ်ပါတယ်။

ဘာပဲပြောပြော Lucasဟာလာမယ့် ဇာတ်လမ်းမှာ အထက်တန်း ကျောင်းသား Sean အဖြစ် သရုပ်ဆောင်ရမှာ ဖြစ်ပေမယ့် သူ့တကယ့် အသက် ကတော့ လာမယ့် နိုဝင်ဘာမှာ ၃၁ နှစ်ကို ရောက်ရှိ တော့မှာဖြစ်ပါတယ်။ အသက် ၃၁ နှစ်နဲ့ အထက်တန်း ကျောင်းသား ဘ၀ သရုပ်ဆောင် ရမယ် ဆိုတော့ ကလေးအဖေ အရွယ်က ဆယ်ကျော်သက် အရွယ်ကို ပြောင်းလဲ ရသလို မမျှဖြစ် နေပါတယ်။ သတင်းကောင်း ကတော့ Lucas Black သာမက တခြား နာမည်ကြီး သရုပ်ဆောင် တွေလည်း ပါဝင်ကြမှာ ဖြစ်ပါတယ်။ Transporter မင်းသား Jason Statham နဲ့ Blood Diamond ထဲက မင်းသား Djimon Hounsou တို့ဟာလည်း FF 7 မှာပါဝင် သရုပ်ဆောင် ကြပါမယ်။ မင်းသား Denzel Washington ကတော့ FF 7 မှာပါဝင်ဖို့ ငြင်းဆိုထားပြီး မင်းသား Kurt Russell ကတော့ FF 8 မှာပါဝင် လာမယ်လို့ သတင်းတွေ ထွက်နေ ပါသေးတယ်။ FF: Tokyo Drift မှာ "Twinkie" အဖြစ် သရုပ်ဆောင် ခဲ့တဲ့မင်းသား Bow Wow ကတော့ FF 7 မှာပါဝင် မလား၊ မပါဝင် ဘူးလား ဆိုတာ ကတော့ သတင်း အတိအကျ မရှိသေး ပေမယ့် Bow Wow ကတော့ FF 7 မှာ "Twinkie" ကိုဆက်လက် အသက်သွင်း ချင်ပါတယ် တဲ့ဗျာ။ FF ဇာတ်လမ်းတွေ ကြိုက်နှစ်သက် သူတွေ အနေနဲ့ FF 7 ဟာလာမည့်နှစ် အတွင်းမှာ ပြသဖို့ ရှိတာကြောင့် မျှော်လင့် စောင့်စား အားပေးကြ ပါခင်ဗျာ။


Images from nukethefridge, exclusivewallpapers, seanpaune. Source: entertainment.time.com
0 comments:
Post a Comment