(အမေရိကန်ရှိ Mazda ကားအရောင်းပြခန်း တစ်ခုကို တွေ့ရစဉ်
ဂျပန်အခြေစိုက်
Mazda Motor Corporation သည် စင်ကာပူအခြေစိုက် JC&C (Cycle &
Carriage Automobile Myanmar Co.,Ltd) နှင့် ချိတ်ဆက်ပြီး မြန်မာနိုင်ငံ
ရန်ကုန်မြို့တွင် ကားအရောင်းပြခန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။Mazda
Motor Corporation ၏ အမှုဆောင် အရာရှိချုပ် Masamichi Kogai က
မြန်မာနိုင်ငံတွင် မော်တော်ကားသစ်များ မကြာမီ ရောင်းချသွားမည်
ဖြစ်ကြောင်းနှင့် မော်ဒယ်နိမ့် ယာဉ်များကိုသာ စတင်ရောင်းချ
သွားမည်ဖြစ်ကြောင်း Reuters သတင်းဌာနသို့ ပြောကြားသည်။ရန်ကုန်မြို့
အခြေစိုက် Cycle & Carriage Automobile Myanmar Co.,Ltd ကလည်း Mazda
ကား အရောင်းပြခန်း ဖွင့်လှစ်မည့် အဆောက်အအုံ ဆောက်လုပ်ရန်အတွက် စက်တင်ဘာ ၁၉
ရက်တွင် စတင်တင်ဒါ ခေါ်ယူခဲ့သည်။ အဆိုပါ ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရာ
Mazda ကားအရောင်းပြခန်းနှင့် ပတ်သက်၍ မကြာမီ သတင်းစာ ရှင်းလင်းပွဲ
ပြုလုပ်ရန်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။Mazda Motor Corporation ကို
၁၉၂၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဟီရိုရှီးမားမြို့တွင်
အခြေစိုက်ထားသည်။ လက်ရှိအချိန်တွင် ကမ္ဘာ့ ၁၅ ခုမြောက် အကြီးဆုံး
မော်တော်ယာဉ် ကုမ္ပဏီတစ်ခုဖြစ်ပြီး တစ်နှစ်လျှင် ကားစီးရေ ၁ ဒသမ ၃
သန်းဝန်းကျင် ထုတ်လုပ်ရောင်းချလျက် ရှိသည်။မော်တော်ယာဉ်များကို
ဟီရိုရှီးမားစက်ရုံ၊ ဟိုဖုစက်ရုံ၊ မီယိုရှီ စက်ရုံများတွင် အဓိက
ထုတ်လုပ်ပြီး တရုတ်၊ ထိုင်း၊ အမေရိကန်၊ မက္ကဆီကို၊ ကိုလံဘီယာ၊ ဇင်ဘာဘွေ၊
တောင်အာဖရိက၊ အီကွေဒေါ၊ ထိုင်ဝမ်၊ မလေးရှား၊ ရုရှား၊ ဗီယက်နမ်
နိုင်ငံတို့တွင်လည်း မော်တော်ယာဉ် ထုတ်လုပ်မှု စက်ရုံနှင့် မော်တော်ယာဉ်
တပ်ဆင်မှု စက်ရုံများ တည်ထောင်ထားသည်။လက်ရှိ ၂၀၁၃ ခုနှစ်အတွင်း
ထုတ်လုပ်ရောင်းချနေသော Mazda ကား အမျိုးအစားများမှာ Carol၊ Scrum၊
AZ-Wagon၊ AZ-Offroad၊ Familia Van၊ Demio၊ Verisa၊ Axela၊ Premacy၊
Atenza၊ MPV၊ Roadster၊ RX-8၊ CX-5၊ CX-7၊ CX-9၊ Bongo၊ Biante၊ BT-50၊
Titan တို့ဖြစ်သည်။Mazda နှင့် ချိတ်ဆက်ပြီး ကားအရောင်းပြခန်း
ဖွင့်လှစ်မည့် JC&C သည် ဂျာမနီအခြေစိုက်Mercedes-Benz
(မာစီးဒီဘင့်ဇ်)နှင့် ဂျပန်အခြေစိုက် Mitsubishi Fuso ထရပ်ကား
အရောင်းပြခန်းနှင့် ၀န်ဆောင်မှု စင်တာများကိုလည်း ဖွင့်လှစ်ခွင့်
ရရှိထားသည်။ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရန် JC&C က
မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံမှIBTC
အုပ်စုနှင့် တွဲဖက်လုပ်ဆောင်ခြင်း ဖြစ်သည်။JC&C ကုမ္ပဏီသည်
စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး Jardine
Matheson Group အုပ်စုဝင် လုပ်ငန်းတစ်ခု ဖြစ်သည်။ JC&C သည်
အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ် နိုင်ငံတို့တွင်
လုပ်ငန်းများ အဓိက လုပ်ကိုင်လျက်ရှိပြီး အဆိုပါ နိုင်ငံများတွင်
Mercedes-Benz၊ Toyota၊ Honda နှင့် KIA မော်တော်ယာဉ်တို့ကို
ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းနှင့် ၀န်ဆောင်မှု လုပ်ငန်းများကို
ဆောင်ရွက်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။
(Photo: pictures.dealer.com))EMG
(အမေရိကန်ရှိ Mazda ကားအရောင်းပြခန်း တစ်ခုကို တွေ့ရစဉ်
ဂျပန်အခြေစိုက် Mazda Motor Corporation သည် စင်ကာပူအခြေစိုက် JC&C (Cycle & Carriage Automobile Myanmar Co.,Ltd) နှင့် ချိတ်ဆက်ပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကားအရောင်းပြခန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။Mazda Motor Corporation ၏ အမှုဆောင် အရာရှိချုပ် Masamichi Kogai က မြန်မာနိုင်ငံတွင် မော်တော်ကားသစ်များ မကြာမီ ရောင်းချသွားမည် ဖြစ်ကြောင်းနှင့် မော်ဒယ်နိမ့် ယာဉ်များကိုသာ စတင်ရောင်းချ သွားမည်ဖြစ်ကြောင်း Reuters သတင်းဌာနသို့ ပြောကြားသည်။ရန်ကုန်မြို့ အခြေစိုက် Cycle & Carriage Automobile Myanmar Co.,Ltd ကလည်း Mazda ကား အရောင်းပြခန်း ဖွင့်လှစ်မည့် အဆောက်အအုံ ဆောက်လုပ်ရန်အတွက် စက်တင်ဘာ ၁၉ ရက်တွင် စတင်တင်ဒါ ခေါ်ယူခဲ့သည်။ အဆိုပါ ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရာ Mazda ကားအရောင်းပြခန်းနှင့် ပတ်သက်၍ မကြာမီ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။Mazda Motor Corporation ကို ၁၉၂၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဟီရိုရှီးမားမြို့တွင် အခြေစိုက်ထားသည်။ လက်ရှိအချိန်တွင် ကမ္ဘာ့ ၁၅ ခုမြောက် အကြီးဆုံး မော်တော်ယာဉ် ကုမ္ပဏီတစ်ခုဖြစ်ပြီး တစ်နှစ်လျှင် ကားစီးရေ ၁ ဒသမ ၃ သန်းဝန်းကျင် ထုတ်လုပ်ရောင်းချလျက် ရှိသည်။မော်တော်ယာဉ်များကို ဟီရိုရှီးမားစက်ရုံ၊ ဟိုဖုစက်ရုံ၊ မီယိုရှီ စက်ရုံများတွင် အဓိက ထုတ်လုပ်ပြီး တရုတ်၊ ထိုင်း၊ အမေရိကန်၊ မက္ကဆီကို၊ ကိုလံဘီယာ၊ ဇင်ဘာဘွေ၊ တောင်အာဖရိက၊ အီကွေဒေါ၊ ထိုင်ဝမ်၊ မလေးရှား၊ ရုရှား၊ ဗီယက်နမ် နိုင်ငံတို့တွင်လည်း မော်တော်ယာဉ် ထုတ်လုပ်မှု စက်ရုံနှင့် မော်တော်ယာဉ် တပ်ဆင်မှု စက်ရုံများ တည်ထောင်ထားသည်။လက်ရှိ ၂၀၁၃ ခုနှစ်အတွင်း ထုတ်လုပ်ရောင်းချနေသော Mazda ကား အမျိုးအစားများမှာ Carol၊ Scrum၊ AZ-Wagon၊ AZ-Offroad၊ Familia Van၊ Demio၊ Verisa၊ Axela၊ Premacy၊ Atenza၊ MPV၊ Roadster၊ RX-8၊ CX-5၊ CX-7၊ CX-9၊ Bongo၊ Biante၊ BT-50၊ Titan တို့ဖြစ်သည်။Mazda နှင့် ချိတ်ဆက်ပြီး ကားအရောင်းပြခန်း ဖွင့်လှစ်မည့် JC&C သည် ဂျာမနီအခြေစိုက်Mercedes-Benz (မာစီးဒီဘင့်ဇ်)နှင့် ဂျပန်အခြေစိုက် Mitsubishi Fuso ထရပ်ကား အရောင်းပြခန်းနှင့် ၀န်ဆောင်မှု စင်တာများကိုလည်း ဖွင့်လှစ်ခွင့် ရရှိထားသည်။ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရန် JC&C က မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံမှIBTC အုပ်စုနှင့် တွဲဖက်လုပ်ဆောင်ခြင်း ဖြစ်သည်။JC&C ကုမ္ပဏီသည် စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး Jardine Matheson Group အုပ်စုဝင် လုပ်ငန်းတစ်ခု ဖြစ်သည်။ JC&C သည် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ် နိုင်ငံတို့တွင် လုပ်ငန်းများ အဓိက လုပ်ကိုင်လျက်ရှိပြီး အဆိုပါ နိုင်ငံများတွင် Mercedes-Benz၊ Toyota၊ Honda နှင့် KIA မော်တော်ယာဉ်တို့ကို ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းနှင့် ၀န်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။
(Photo: pictures.dealer.com))EMG
0 comments:
Post a Comment