Microsoft ရဲ့ မှုပိုင် Xbox Music ကို Apple ရဲ့iOS ပေါ်မှာအသုံးပြုနိုင်အောင် Application ထွက်ရှိပြီးသိပ်မကြာခင်မှာေ
တာ့ အခုလိုAndroid အတွက်ထုတ်လုပ်ပေး လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် Android ပေါ်က Xbox Music နဲ့ iOS ပေါ်က Xbox Music ကွာခြားမှုတွေရှိတယ်လို့သိရပါတယ်။ iOS ပေါ်က Xbox Music ကတော့ အကောင်းဆုံးထုတ်လုပ်ပေးထားတယ်လို့သိရပြီး Android မှာတော့အနည်းငယ်ချူချာနေဆဲပါ။ Android အတွက်နောက်ဆုံး မှပြုလုပ်ပေးခြင်းဖြစ်တာကြောင့်အ နည်းငယ်ချို့ယွင်းချက်တွေရှိနေမှာဖြစ်တယ်လို့ Application ရေးဆွဲတဲ့အဖွဲ့ကပြောဆိုခဲ့ပါတယ်။


Xbox Musicနဲ့ အလားတူ Application တွေကတော့ Spotify နဲ့ Slacker Radio တို့ဖြစ်ပါတယ်။ Xbox Misuc မှာတော့အလားတူ App တွေလို ကိုယ်ပိုင် Frequency ချိန်ညှိပြီးလိုင်းရှာနိုင်တဲ့ စနစ်တွေမပါဝင်ပါဘူး။ ဒါပေမယ့် Xbox Music ကတော့ ရှင်းလင်းသပ်ရပ်တဲ့ အသွင်အပြင်နဲ့ Function တွေကိုထည့်သွင်းပေး ထားတာကြောင့် ကောင်းကောင်းသုံး နိုင်တဲ့ App တစ်ခုဖြစ်တယ်လို့အသုံးပြုသူတစ်ဦးကပြောကြားခဲ့ပါတယ်။ Music တွေကို Streaming လုပ်နားထောင်ရမှာဖြစ်လို့ Connection ကောင်းကောင်းတော့ လိုအပ်ပါတယ်။


သီချင်းရှာဖွေရတာအဆင်ပြေတဲ့ App တစ်ခုဖြစ်တဲ့အတွက်လူကြိုက် များလျက်ရှိတဲ့ App တစ်ခုလည်းဖြစ်ပါတယ်။ Musical Genre ကိုလိုက်ပြီးသီချင်းတွေကို ရွေးချယ်သောတဆင်နိုင်တဲ့အပြင် အကောင်းဆုံးအသံထွက်ကိုလည်းထောက်ပံ့ပေးထားပါတယ်။ Up to Date သီချင်းတွေကိုနေ့စဉ်နဲ့အမျှ နားဆင်နိုင်အောင် Xbox Music ကပြုလုပ်ပေးမှာဖြစ်ပါတယ်။ Xbox Music ကတော့ Microsoft ရဲ့ Office 365 နောက်ပိုင်း တခြား OS အတွက်ထုတ်ပေးခဲ့တဲ့ App တစ်ခုဖြစ်ကြောင်းသိရပါ တယ်။


Ref: Cnet & Smart Pro Journal

0 comments:

Post a Comment

 
Top