ဒီနေ့ MyanPay အကောင့်ဖွင့်လိုက်တာ အရမ်းလွယ်ပါတယ်။
ပထမ www.myanpay.com.mm မှာအကောင့် Register လုပ်
ဒုတိယ ဖုန်းနံပါတ်ကုဒ်ထည့်ပေး နောက်ဖုန်းကို ကုဒ်ချက်ချင်းရောက်လာပါလိမ့်မယ်
တတိယ ထိုကုဒ်နံပါတ်ပြန်သွင်းရင် ပွင့်ပါပြီ။
ပြီးရင် အကောင့်ရဲ့ ထဲမှာ unverify ဆိုတဲ့ ခလုပ်ကိုနှိပ်လိုက်ရင် ချိတ်ဆက်မယ့် ဘဏ် လိပ်စာထည့်ပေး။
(PASSWORD သုံးတဲ့အခါ %%&& စတဲ့ special character တွေကို အင်္ဂလိပ် အက္ခရာနဲ့ တွဲသုံးရပါတယ် ဥပမာ %$onair$$ စသဖြင့် ၈ လုံးပြည့်အောင်ပေးရင် ရပါပြီ။)

အောက်ကအဆင့်ကတော့ ဒီနေ့မလုပ်ရသေးပါဘူး မနက်ဖြန်လောက်လုပ်ဖြစ်မယ်။

ဥပမာ ကိုယ်က CB ဘဏ် မှာ ဘဏ်အကောင့်ဖွင့်ထားရင် CB ဘဏ်နာမည်ကိုရွေးပေး။ အကောင့်နံပါတ်နဲ့တကွ် နောက် ပထမဆုံး ပိုက်ဆံအဖြစ် ၁၀၀၀ သို့ ၂၀၀၀ ကို စတင် Maypay ကို လွှဲလိုက်တာနဲ့စတင်ပြီးသုံးလို့ရပါပြီ။ ငွေပေးချေမှု ကိုလည်း အွန်လိုင်းမှာ ခလုပ်တစ်ချက်နှိပ်လိုက်နဲ့ MyanPay အကောင့်အချင်းချင်း တိကျစွာလွှဲပြီးဖြစ်ပြီး။ ထိုအကောင့်ထဲက ပိုက်ဆံကိုလည်း မိမိဖွင့်ထားတဲ့ ဘဏ်မှာ ထုတ်လို့ရပါပြီ။

ရောင်းဝယ်မှုအတွက် Buy,Pay,Donate စတဲ့ Button လေးတွေကိုလည်း Developer အတွက် website မှာထည့်နိုင်အောင်ပေးထားပါသေးတယ်။

အကောင်းဆုံး ငွေလွှဲ ငွေချေ ရောင်းဝယ်မှုတွေ အွန်လိုင်းမှတစ်ဆင့် မြန်မာတစ်နိုင်ငံလုံးပြန့်နှံ့အောင် လုပ်ဆောင်နိုင်မယ့် Myanpay ကို အလွန်ကြိုက်သွားပါပြီ။ မကြာခင်တော့ Paypal ကို လည်းကြိုးစားကြည့်ပါဦးမယ်။ MyanPay ဟာ Paypal နဲ့ ပုံစံတူပါတယ်။ ပြည်တွင်းငွေလွှဲငွေချေစနစ်ပေါ့။

0 comments:

Post a Comment

 
Top