Right
Click Menu or Context Menu ဆိုတာ Desktop or File or Folder တစ်ခုပေါ်မှာ
Right Click နှိပ်လိုက်ရင်ပေါ်လာတဲ့ Menu တစ်ခုဖြစ်ပါတယ်။တစ်ချို့  Programs
တွေအင်စတောလုပ်တဲ့အခါ Context Menu မှာ Item or Entry တွေ အလိုလို
ထည့်သွင်းကြပါတယ်။အဲဒီ Menu ကနေ
သင့်အလုပ်တွေကိုလွယ်ကူလျှင်မြန်စွာပြုလုပ်နိုင်ပါတယ်။ဒါပေမယ့် တစ်ချို့ 
Programs တွေကိုဖြုတ်လိုက်တဲ့အခါမှာ Context Menu မှာ Item
တွေကျန်ခဲ့တတ်ပါတယ်။ နောက်ပြီး Context Menu မှာ Items တွေများပြားခြင်းဟာလည်း Right Click Process ကို နှေးစေပါတယ်။အဲ ဒီလို အခြေအနေမှာ အဲဒီ Entry တွေကို ဖြုတ်ဖို့ နည်းလမ်းတွေ ရှိပါတယ်။
Edit Windows Context Menu
Context
Menu Entries တွေကို ဖြုတ်ဖို့ အတွက် Registry Editor ကိုသုံးနိုင်ပါတယ်။
Windows + R ကိုနှိပ်ပြီး regedit လို့ ရိုက်ပြီး Enter
ခေါက်ပါ။ပြီးရင်အောက်က Location ကိုသွားပြီး Entry တွေကို Delete လုပ်ပါ။
HKEY_CLASSES_ROOT\*\shellex\ContextMenuHandlers
တစ်ခြား Registry Locations တွေမှာလည်း Context Menu Entries တွေရှိတတ်ပါတယ်။အဲဒီအတွက် Registry Editor ကိုအသုံးပြုပြီး
Context Menu Entries တွေကိုဖြုတ်ခြင်းဟာ Perfect တော့မဖြစ်ပါ။ဒီလို
အခြေအနေမှာ Third-Party Freeware တွေကိုအသုံးပြုနိုင်ပါတယ်။အဲဒီ Freeware
တွေက Context Menu Entries တွေကို Add,Remove,Edit လုပ်ပေးနိုင်ပါတယ်။
Context Menu Editors
(1)Entries
တွေကို Context Menu မှာအလွယ်တကူ Add,Remove,Edit လုပ်ပေးနိုင်တဲ့ Context
Menu Editor ဆိုတဲ့ Freeware အကြောင်းရေးပေးဖူးပါတယ်။အသေးစိတ်ကို ဒီဆောင်းပါး မှာဖတ်ပါ။
(2)ContextEdit ဆိုတဲ့ Freeware ကလည်း Context Menu ကို Manage လုပ်ပေးနိုင်ပါတယ်။ ဒီမှာ Download လုပ်နိုင်ပါတယ်။
(3)Entries တွေကို ဖြုတ်ပေးနိုင်တဲ့ ShellExView အကြောင်း ဆောင်းပါး ကိုလည်းလေ့လာနိုင်ပါတယ်။
(4)File Menu Tools ကလည်း Items တွေကို Add,Delete,Customize လုပ်ပေးနိုင်ပါတယ်။File Menu Tools ကို ဒီမှာ Download လုပ်ပါ။
အပေါ်ကနည်းတွေနဲ့  Freeware တွေကိုအသုံးပြုပြီး သင့်ရဲ့ Context Menu Items တွေကို Customize လုပ်နိုင်ပါပြီ။
0 comments:
Post a Comment