Windows မှာ Partition တွေ Create,Resize,Extend လုပ်ဖို့  အတွက် Disk Management Tool ရှိပါတယ်။Third-Party Software
တွေ မရှိလို့ ပဲဖြစ်ဖြစ်၊မသုံးချင်လို့ ပဲဖြစ်ဖြစ် Windows ရဲ့ Disk
Managerment Tool ကိုသုံးနိုင်ပါတယ်။ Partition တွေကို Manage
လုပ်တော့မယ်ဆိုရင် အရေးကြီးတဲ့ဒေတာတွေကို Backup လုပ်ထားဖို
့အကြံပေးချင်ပါတယ်။ Windows 7 / 8 / 8.1
အားလုံးမှာဒီနည်းကိုသုံးနိုင်ပါတယ်။
Disk Management Tool
Disk Management Tool ကိုအသုံးပြုဖို့  Win + R ကိုနှိပ်ပြီး Diskmgmt.msc လို့ ရိုက်ပြီး Enter ခေါက်ပါ။့ နောက်တစ်နည်းကတော့
Search Box ကနေ partition လို့ ရိုက်ပြီး “Create and format hard disk
partitions” ပေါ်လာရင် Enter ခေါက်ပါ။နောက်တစ်နည်းက Windows 8 မှာဆိုရင် Win
+ X ကိုနှိပ်ပြီး Disk Management ကိုနှိပ်ပါ။
Disk Management ၀င်းဒိုးမှာ Partition or Volume တွေ ကို တွေ့ မြင်နိုင်ပါတယ်။
Partition တစ်ခုအပေါ်မှာ Right Click နှိပ်ကြည့်ရင် Options တွေကို အောက်ကပုံမှာလို တွေ့ မြင်နိုင်ပါတယ်။
- Change Drive Letter and Paths
- Format
- Extend Volume
- Shrink Volume
- Add Mirror
- Delete Volume
Partition အသစ်တစ်ခုပြုလုပ်ခြင်း။
Partition
အသစ်ပြုလုပ်ဖို့ အတွက် Partition တစ်ခု ကနေ နေရာ
ဖဲ့ယူရမှာဖြစ်ပါတယ်။နေရာဖဲ့ ယူ မယ့် Partition ပေါ်မှာ Right Click
နှိပ်ပြီး Shrink Volume ကိုနှိပ်ပါ။ ဖဲ့ပေးမယ့် နေရာ တစ်နည်းအားဖြင့်
Partition အသစ်မှာ ယူမယ့် Storage Space ကို MB အနေဲ့ သတ်မှတ်ပေးပြီး
Shrink ကိုနှိပ်ပါ။
ပြီးရင်တော့ Free Space or Unallocated Space တစ်ခုပေါ်လာမှာဖြစ်ပါတယ်။
Free Space ကို Partition ပြုလုပ်ဖို့  Free Space ပေါ်မှာ Right Click နှိပ်ပြီး New Simple Volume ကိုနှိပ်ပါ။
နောက်အဆင့်မှာတော့ ဘာမှလုပ်စရာမလို ဘဲ Next ကိုနှိပ်ပါ။
နောက်အဆင့်မှာ Letter တစ်ခု သတ်မှတ်ပေးပါ။
နောက်အဆင့်မှာ NTFS အနေနဲ့ ဖောက်မက် ချပေးပါ။
ဒါဆိုရင် Partition တစ်ခုပြုလုပ်ပြီးပါပြီ။
Resizing a Partition
Partition
တွေကို Resize လုပ်ဖို့ အတွက် Partition တစ်ခုကနေ အပေါ်ကနည်းအတိုင်း Shrink
လုပ်ပြီး နေရာဖဲ့ယူရပါမယ်။ရလာတဲ့ Free Space ကို Simple Volume
ပြုလုပ်စရာမလိုပါဘူး။Free Space ကို Partition နောက်တစ်ခုကို ပေးဖို
့အတွက် နောက် Partition ပေါ်မှာ Right Click နှိပ်ပြီး Extend
လုပ်ရပါမယ်။ဒီနေရာမှာ ကန့် သတ်ချက်တစ်ခု ရှိပါတယ်။ Free Space က Extend
လုပ်ချင်တဲ့ Partition ရဲ့ ညာဘက်မှာရှိရပါမယ်။ Free Space က Extend
လုပ်ချင်တဲ့ Partition ရဲ့ ဘယ်ဘက်မှာရှိနေတဲ့အနေအထားမှာတော့ Third-Party
Software တွေကို အသုံးပြုမှရမှာပါ။
Deleting , Formatting a Partition
Partition
တွေကို Delete လုပ်ဖို့ အတွက် Partition ပေါ်မှာ Right Click နှိပ်ပြီး
Delete Volume ကိုနှိပ်ပါ။ဒါဆိုရင် Free Space အနေနဲ့  ရရှိလာမှာဖြစ်ပါတယ်။
Partition တစ်ခုကို Format ချဖို့  Partition ပေါ်မှာ Right Click
နှိပ်ပြီး Format ကိုနှိပ်ပါ။ နောက်အဆင့်တွေ မှာ Format Type
ကိုရွေးပေးပြီး ဆက်လုပ်ပြုလုပ်ပါ။
0 comments:
Post a Comment