Latest

00:39 AM IOS 7.1 DOWNLOAD

 Andriod Pattern Lock မေ့နေသူတွေအတွက်အလွယ်ကူဆုံးပြန်လည်ရ ယူနည်း

လူကြိုက်များရေပန်းစားနေတဲ့မိုဘိုင်း Operating System တစ်ခုဖြစ်တဲ့ Andriod အတွက်အသုံးပြုထားတဲ့ Security ပိုင်းမှာ အကောင်းဆုံးဖြစ်စေတာကတော့ Pattern Lock ပါပဲ။ လှုံခြုံစိတ်ချရတဲ့အပိုင်းမှာကတော့လက်ဖျားခါရလောက်အောင် ကောင်းမွန်သလို အလွယ်တကူအသုံးပြုနိုင်တာကလည်းအားသာချက်တစ်ခုပါ။ ဒါပေမယ့်လည်း အရာတစ်ခုကို အလွယ်တ ကူ မေ့တက်သူတွေကတော့ Pattern Lock ကိုစသုံးတဲ့အချိန်လောက်မှာ ပြသနာတက်တာကတော့မလွဲမသွေပါပဲ။ ဒါ့ေ ကြာင့်အလွယ်တကူပြန်လည်ရယူနိုင်မယ့်နည်းလမ်းလေးတွေကိုဖော်ပြပေးမှာပါ။ 
ဒါ့ကြောင့်ပထမဆုံးအနေနဲ့ကတော့ မိမိ Andriod device ကိုသုံးတော့မယ်ဆိုရင်တော့ Google Account ကိုတော့အရင်ဆုံး ထည့်သွင်းပေးထားမှာပါ။ Google account ကိုအသုံးပြုတဲ့အတွက် Andriod မှာထောက်ပံ့မှုများစွာရရှိစေမှာပါ။ ယခုဖော်ပြ ပေးမယ့် tutorial လေးကအလွယ်တကူရယူနိုင်ဖို့အတွက်ရည်ရွယ်တာကြောင့် လိုရင်းတိုရှင်းအနေနဲ့သာပြောပြပေးမှာပါ။ Google Account ကို sign in လုပ်ထားပြီးပြီဆိုရင်တော့ မှားနေတဲ့ Pattern ကိုငါးကြိမ်ဆက်တိုက် အသုံးပြုမယ်ဆိုရင် စက္ကန့် 30 စောင့်ဖို့ပြောပါလိမ့်မယ်။ ဒီအခါမှာတော့ အောက်နားလေးမှာရှိတဲ့ emergency  call Press and hold နဲ့ Fogot pattern ? ဆိုတာလေးကိုတွေ့မယ်ဆိုရင်တော့ မိမိဟာ မေ့နေပြီဖြစ်လို့ Fogot pattern ? ကိုရွေးချယ်ပေးလိုက်ပါ။ အဲ့ဒီ နောက် မှာတော့ Email နဲ့ပြန်လည်ရယူခိုင်သလို တခြားနည်းလမ်းဖြစ်တဲ့ Pin code ထည့်သွင်းတဲ့နည်းလမ်းနှစ်သွယ်ရှိ ပါတယ်။ Email နဲ့ဝင်မယ်ဆိုရင် Wifi ဒါမှမဟုတ် 3G အင်တာနက်ဖွင့်ထားမှရပါလိမ့်မယ်။ Pin code ဆိုရင်တော့ထည့်သွင်း ရေးသားလိုက်တာနဲ့တင်အဆင်ပြေပါပြီ။ ဒါ့ကြောင့် မိမိ Pattern ကိုပြန်လည်ရွေးချယ်ပေးနိုင်မှာဖြစ်ပါတယ်။ 

ကျော်ကိုကို ( @[138330779650069:274:Guide Magazine])
 
ကျော်ကိုကို ( Guide Magazine)
18 Oct 2013

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

Top