Apple တစ်နှစ်စာဟောတန်း ( Macbook ၁၂ လက်မRetina ထွက်၊ iMac ဈေးသက်သာ၊ iPad မျက်နှာပြင်ကောင်း)

Apple အတွက် ၂၀၁၄ ခုနှစ် တစ်နှစ်စာ ခန့်မှန်းချက် ကို KGI Secrities မှ သုတေသန ပညာရှင် Ming-Chi Kuo က ခန့်မှန်းပြောကြားလိုက်ခြင်း ဖြစ် ပါတယ်။ သူ့အပြောအရ ဆိုရင် တော့ 

Macbook

၁၁ လက်မနဲ့ ၁၂ လက်မ Macbook တွေထွက်ရှိခြင်းနဲ့အတူ ၁၂ လက်မ အရွယ် Macbook ထွက်ပေါ်လာမယ်လို့ ဆိုထားပါတယ်။ Reitna Display နဲ့ထွက်ရှိမှာ ဖြစ်ပါတယ်။ A8 processor မဟုတ်ပဲ Intel Chip ကို အသုံးပြုမှာ ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။ 

iMac

iMac ကို ဈေးကျမယ်လို့ ဆိုပါတယ်။ လက်ရှိ ဈေးကွက်မှာ ရောင်းချနေတဲ့ iMac ကွန်ပြူတာတွေထပ်တောင် ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ဈေးကျမယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ Customer Feed Back က iMac ဈေးကြီးတဲ့အကြောင်းပဲ ပြောနေကြလို့ပါ။ Windows Machine ကောင်းကောင်း တစ်လုံးဆင်ဖို့ ကုန်ကျတဲ့ ငွေက iMac ကွန်ပြူတာကြီး တစ်လုံးထပ် အများကြီးသက်သာနေတာကြောင့်ပါ။ ဒါကြောင့်မို့ ဈေးကွက် လိုအပ်ချက်အရ iMac ကိုဈေး အသက်သာဆုံးဖြစ်အောင် ဖန်တီးမယ်လို့ ဆိုပါတယ်။ 

iPad 

iPad5 ထွက်ရှိဖို့ အချိန်သိပ်မလိုတော့ပါဘူး။ ၉.၇ လက်မအရွယ်ရှိပြီး ထူးခြားချက်အနေနဲ့တော့ မျက်နှာပြင် အရည်အသွေး သိသိသာသာ တိုးတက်လာမှုပါ။ လက်ရှိ ရှိနေတဲ့ iPad 4 ထပ် ၃၀ ကနေ ၄၀ ရာခိုင်နှနုးအထိ မျက်နှာပြင်အရည်အသွေး ပိုကောင်းလာမယ်လို့ ဆိုပါတယ်။ PPI (pixel per inch) မြင့်လာတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ iPad mini ကိုလည်း Retina နဲ့ ထုတ်မယ်လို့ ဆိုပါတယ်။ OS X Mavericks ကိုလည်း မြင်တွေ့ရမှာပါ။ 

Apple TV, iWatch အတွက်ကတော့ မခန့်မှန်းထားပါဘူး။ Macbook ၁၁ လက်မ Retina, iMac ဈေးသက်သာ, iPad မျက်နှာပြင် အရည် အသွေး ကောင်းမွန်မယ်လို့ ခန့်မှန်းထားချက်များကို Ming-Chi Kuo က အင်တာဗျူး တစ်ခုမှာ ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။
.
Ref: pocketlint
Aung Kham (TSJ Team)

http://blog.techspace.com.mm/2013/10/apple-macbook-retina-imac-ipad.html

Aung Kham (TSJ Team

0 comments:

Post a Comment

Top