ပြင်သစ်နိုင်ငံမှာ မောင်းသူမဲ့ ကားထုတ်လုပ်မှုအတွက် သမ္မတ ကိုယ်တိုင် အတည်ပြုပေးလိုက်ကြောင်း သိရပါတယ်။

အနောက်တိုင်းနဲ့ အခြားဥရောပနိုင်ငံများရဲ့  မော်တော်ယာဉ် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ အတူ ပြင်သစ်ကလည်း လိုက်လံပြုပြင်ပြောင်း လဲခြင်း ဖြစ်ပါတယ်။ ပြင်သစ် Renault နဲ့ ဂျပန် Nissan တို့ ပူးပေါင်း လို့လည်း နည်းပညာသစ် ကားများ ဖန်တီးလျက် ရှိပါတယ်။ Pegueot မှလည်း မောင်းသူမဲ့ကားများ ဖန်တီးနေပါတယ်။ မောင်းသူမဲ့ရယ်လို့မဟုတ်ပဲ Robot များမောင်းနှင်တဲ့ကားလို့ အမည်ပေးထားခြင်းပါ။ ထုတ်လုပ်မှု အတွက်လည်း လုပ်သား အင်အားလျော့ချပြီး စက်ရုပ်များကို အစား ထိုးစေမှာ ဖြစ်ပါတယ်။ ဆိုလိုရင်းက Car Industry တစ်ခုလုံးကို Auto စနစ်သို့ ပြောင်းလဲခြင်း ဖြစ်ပါတယ်။

ကုန်ကျစရိတ်တော့ အင်မတန် များမယ့် စီမံကိန်းပါ။ သို့ပေမယ့် ဒီအတွက် ပြင်သစ် အစိုးရ ကိုယ်တိုင် ကူညီထောက်ပံ့မှာ ဖြစ်ပါတယ်။ အနာဂတ်မှာ ပြင်သစ်ဟာ ကမ္ဘာ့ အဆန်းသစ်ဆုံး နည်းပညာမြင့်ကားများ ထုတ်လုပ်တဲ့ နိုင်ငံ ဖြစ်လာရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။
.
Ref:autoblog
ColayAutomobile

0 comments:

Post a Comment

 
Top