(၁၀) Audi Le Mans Quattro

၂၀၀၃ မော်ဒယ်လ် နဲ့ထွက်ရှိလာတဲ့ ဒီကားဟာဆိုရင် ၅ လီတာ ဆလင်ဒါ ၁၀ လုံး V အင်ဂျင်ပုံစံ တည်ဆောက်ထား ပါတယ်၊ထုတ်လုပ်ပေးနိုင်မယ့် မြင်းကောင်ရေအားက ၆၁၀ ရှိပါတယ်။ တစ်နာရီ ၂၁၄ မိုင်နှုန်းအထိမောင်းနှင်နိုင် ပါတယ်၊လက်ရှိကလပေါက်ဈေး ကန်ဒေါ်လာ ၅ သန်းရှိပါတယ်။


(၉) Lamborghini Veneno

လက်ရှိ ၂၀၁၃ မော်ဒယ်လ်ထုတ် Lamborghini Veneno ကတော့ ၆.၅ လီတာ ဆလင်ဒါ ၁၂
လုံးထိုး V အင်ဂျင် ပုံစံတည်ဆောက်ထားပါတယ်၊ ထုတ်လုပ်ပေးနိုင်မယ့်မြင်းကောင်ရေ အားက ၇၅၀ ရှိပါတယ်၊ တစ်နာရီ ၂၂၀ မိုင်နှုန်း အထိအမြန်ဆုံးမောင်းနှင်နိုင်ပါတယ်၊ လက်ရှိကာလပေါက်ဈေး ကန်ဒေါ်လာ ၅.၃ သန်းရှိပါတယ်။

(၈) Zenvo ST1

၂၀၀၉ ခုနှစ်ထုတ် Zenvo ST1 ဟာဆိုရင် ၇ လီတာ ဆလင်ဒါ ၈ လုံးထိုး V အင်ဂျင်ပုံစံ တည်ဆောက်ထားပါတယ်၊ ထုတ်လုပ်ပေးနိုင်မယ့် မြင်းကောင်ရေအားက ၁၁၀၄ ရှိပါတယ်၊ တစ်နာရီကို ကီလိုမီတာ ၃၇၅၊၂၃၃ မိုင်အထိမောင်းနှင်နိုင်ပါတယ်၊ လက်ရှိကာလပေါက်ဈေး ကန်ဒေါ်လာ ၅.၅ သန်းပါ။

(၇) Rolls-Royce Hyperion Pininfarina

၂၀၀၈ ခုနှစ်ကထွက်ရှိလာတဲ့ ဒီကားဟာဆိုရင် အင်ဂျင်တည်ဆောက်ပုံ ၆.၇၅ လီတာ ဆလင်ဒါ ၁၂ လုံးထိုး V အင်ဂျင်ပုံစံ ဆောက်ထားပါတယ်၊ ထုတ်လုပ်ပေး မယ့် မြင်းကောင်ရေ အားက ၄၆၀ ရှိပါတယ်၊ ဒါကြောင့် တစ်နာရီ ၁၅၅ မိုင်နှုန်းအထိအမြန်ဆုံးမောင်းနှင်နိုင် ပါတယ်၊ လက်ရှိကာလပေါက်ဈေး ကန်ဒေါ်လာ ၆ သန်းရှိပါတယ်။

(၆) Maybach Exelero

၂၀၀၅ ခုနှစ်မှာထွက်ရှိလာတဲ့ ဒီကားဟာဆိုရင် ၆ လီတာ ဆလင်ဒါ ၁၂ လုံးထိုး V အင်ဂျင်ပုံစံ တည်ဆောက်ထားပါတယ်။၊ ထုတ်လုပ်ပေးနိုင်မယ့် မြင်းကောင်ရေအားက ၇၀၀ ရှိပါတယ်၊ ဒါကြောင့် တစ်နာရီ ၂၁၈ မိုင်နှုန်း ကီလိုမီတာ ၃၅၁ အထိအမြန်ဆုံးမောင်းနှင်နိုင်ပါတယ်၊ လက်ရှိ ကာလပေါက်ဈေးနှုန်းကန်ဒေါ်လာ ၈ သန်းပါ။


(၅) Ferrari 330 P4
အမှတ်စဉ်(၅)မှာရပ်တည်နေတဲ့ ၁၉၆၇ ခုနှစ်ထုတ် Ferrari 330 P4 ဟာဆိုရင် ၄ လီတာ
ဆလင်ဒါ ၁၂ လုံး V အင်ဂျင် ပုံစံတည်ဆောက်ထားပါတယ်၊ ထုတ်လုပ်ပေးနိုင်မယ့်
မြင်းကောင်ရေအား က ၄၅၀ ရှိပြီး အမြန်ဆုံး အနေနဲ့ တစ်နာရီ ကီလိုမီတာ ၃၃၁၊ မိုင် ၄၅၀ နှုန်းအထိမောင်းနှင်နိုင် ပါတယ်၊လက်ရှိကာလပေါက်ဈေး ကန်ဒေါ်လာ ၉ သန်း ရှိပါတယ်။

(၄) Mercedes-Benz SLR McLaren 999 Red Gold Dream Ueli Anliker

အမှတ်စဉ်(၄) ရပ်တည်နေတဲ့၂၀၁၁ ခုနှစ်ထုတ် ဒီကားဟာ ဆိုရင် ၅.၄ လီတာ ဆလင်ဒါ ၈ လုံးထိုး V အင်ဂျင်ပုံစံ တည်ဆောက်ထားပါတယ်၊ထုတ်လုပ်ပေးနိုင်မယ့်မြင်း
ကောင်ရေအားက ၉၉၉ ရှိပါတယ်၊ဒါကြောင့်တစ်နာရီ ၂၁၁ မိုင်နှုန်း ကီလိုမီတာ ၃၄၀ အထိမောင်းနှင်နိုင်ပါတယ်၊ လက်ရှိကာလပေါက်ဈေးနှုန်း ကန်ဒေါ်လာ ၁၀ သန်း ရှိပါတယ်၊

(၃) Jaguar XJ13

အမှတ်စဉ်(၃)မှာရပ်တည်နေတဲ့ ၁၉၆၆ မော်ဒယ်လ် Jaguar XJ13 ဟာဆိုရင် ၅ လီတာ ဆလင်ဒါ ၁၂ လုံးထိုး V အင်ဂျင် ပုံစံ ဆောက်ထားပါတယ်၊ ထုတ်လုပ်ပေးနိုင်မယ့်မြင်းကောင်
ရေအားက ၅၀၉ ရှိတဲ့အတွက် တစ်နာရီကို ၁၇၀ မိုင်နှုန်း အထိအမြန်ဆုံးမောင်းနှင်နိုင် ပါတယ်၊လက်ရှိကာလပေါက်ဈေး ကန်ဒေါ်လာ ၁၅ သန်း ရှိပါတယ်။




(၂) Ferrari 250 Testa Rossa

ဈေးအကြီးဆုံး အဖြစ် ဒုတိယနေရာမှာရပ်တည်နေတာ ကတော့ ၁၉၅၈ခုနှစ်ထုတ် Ferrari 250 Testa Rossa ဖြစ်ပါတယ်၊ အင်ဂျင်တည်ဆောက်ပုံ ၃ လီတာ ဆင်ဒါ ၁၂ လုံးထိုး V အင်ဂျင်ပုံစံတည်ဆောက်ထားပါတယ်၊ ထုတ်လုပ် ပေးနိုင်မယ့်မြင်းကောင်ရေအားက ၃၀၀ ရှိပါတယ်၊ အမြန်ဆုံးမောင်းနှင်နိုင်အားက တစ်နာရီ ၁၆၁ မိုင်နှုန်းအထိ မောင်းနှင်နိုင်ပါတယ်၊ကန်ဒေါ်လာ ၁၆.၄ သန်း ဖြစ်ပါတယ်။

(၁) Ferarri 250 GTO

ကမ္ဘာ့ဈေးအကြီးဆုံးကားအဖြစ် ယနေ့တိုင်ရပ်တည်နေတဲ့ ၁၉၆၂ ခုနှစ်ကထုတ်လုပ်တဲ့ Ferarri 250 GTO ကားပါ၊ ၃ လီတာ ဆလင်ဒါ ၁၂ လုံးထိုး V အင်ဂျင်ပုံစံ တည်ဆောက် ထားပါတယ်၊ထုတ်လုပ်ပေးနိုင်မယ့်မြင်ကောင်ရေအားက ၃၀၂ ရှိပါတယ်၊တစ်နာရီ ၁၇၄မိုင်အထိမောင်းနှင်နိုင်ပါတယ်၊
ဈေးအကြီးဆုံး ကားအဖြစ် ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ ၂၈.၅ သန်း ရှိပါတယ်၊

 ခွန်နေ(AMMG)
 

0 comments:

Post a Comment

 
Top