မိမိနေအိမ်သို့ လာရောက်သည့် ဧည့်သည်များအား လူမှုကွန်ယက် သုံးစွဲခြင်းမှ ပိတ်ပင်ခဲ့သည့် ဂျပ်စတင်ဘီဘာ

အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံး ပြောရမယ်ဆိုရင်တော့ သင့်အနေနဲ့ ဂျပ်စတင်ဘီဘာရဲ့ နေအိမ်ကို အလည်တစ်ခေါက် ရောက်ရှိခဲ့မယ်ဆိုရင် ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးကာ Facebook ၊ Twitter ၊ Instagram စသည့် လူမှုကွန်ယက်များပေါ် တင်ပြီးမျှဝေမည် ဆိုပါက တရားစွဲဆိုခြင်း ခံရမည်ဖြစ်ကာ ဒေါ်လာ ၅ သန်း အလျော်ပေးရမည် ဖြစ်သည်။ 

လူပါးဝတယ်လို့ပဲဆိုဆို ဂျပ်စတင်ဘီဘာ တစ်ယောက်ကတော့ ထိန်းမနိုင် သိမ်းမရ ပြန့်နှံ့နေသည့် ယင်း၏ နေအိမ်တွင်း ပါတီလုပ်သည့် သတင်းဓာတ်ပုံနှင့် ဗီဒီယိုများအား ထပ်မံပြန့်နှံ့ခြင်းမှ ကာကွယ်နိုင်ရန်အတွက် ယခုကဲ့သို့ ဥပဒေကြောင်းအရ ဆောင်ရွက်တော့မည်ဟု သိရှိရသည်။ 

လော့စ်အန်ဂျလိစ်ရှိ ဒေါ်လာ ၆.၅ သန်းတန် နေအိမ်ကြီးသို့ လာရောက်သည့် ဧည့်သည်များအားလုံး အနေဖြင့် အိမ်အတွင်း ခြေတစ်ဖွားမှ မချမှီ အထက်ပါကဲ့သို့ မပြုလုပ်ရန်နှင့် ပြုလုပ်ပါက တရားစွဲခံရမည်ကို နားလည်ကြောင်း ဝန်ခံစာချုပ်ကို လက်မှတ်ရေးထိုးရမည် ဖြစ်သည်။ 

Justin Bieber အတွက် အကောင်းဆုံး နည်းလမ်းကတော့ ဘယ်သူ့ကိုမှ အိမ်အလည်လာရန် မဖိတ်ခြင်းပဲ ဖြစ်ပါလိမ့်မည်။

0 comments:

Post a Comment

Top