ရှော်လ်ကေး ၀ – ၃ ချယ်လ်ဆီး
s1
ချန်ပီယံလိဂ်အုပ်စု(E)ပွဲစဉ်(၃)အဖြစ် ချယ်လ်ဆီးအသင်းသည် အဝေးကွင်းဂျာမန်မြေပေါ်တွင် အိမ်ကွင်း
မာကျောလှသည် ဆိုသည့် ရှော်လ်ကေးအသင်းအား (၃)ဂိုးပြတ်အနိုင်ယူကာ အုပ်စုထိပ်ဆုံးသို့ရောက်ရှိ
လာခဲ့သည်။ ယခုပွဲတွင် မော်ရင်ဟိုသည် အထိုင်ကျနေသည့် ၄-၂-၃-၁ ကစားကွက်တွင် လူးဝစ်၊ မာတာ
တို့ကိုအရန်ခုံပို့ထားပြီး ဂိုးပီတာချက်၊ နောက်တန်းတွင် အိုင်ဗန်၊ ကာဟေးလ်၊ တယ်ရီ၊ ဆီဇာ၊ ကွင်းလယ်
ခံစစ်တွင် အတွဲမိနေသည့် ရာမီးရက်စ်နှင့်လမ်းပတ်၊ ကွင်းလယ်တိုက်စစ်တွင် အော်စကာ၊ ဟာဇက်၊
ရှာရယ်လ်၊ တိုက်စစ်မှူးအဖြစ် တောရက်စ် တို့ဖြင့် ပွဲထုတ်ခဲ့သည်။  အိမ်ရှင် ရှော်လ်ကေးအသင်းက
အားထားရသည့် တိုက်စစ်မှူးဟန်တယ်လာ၊ ကွင်းလယ်ကစားသမား Marco Hoger တို့မပါဝင်ပဲ
ဘိုအ်တန်ကို အထောင်တိုက်စစ်ထားကာချယ်လ်ဆီးအသင်းအား ရင်ဆိုင်ခဲ့သည်။
s2
ပွဲစသည်နှင့် ချယ်လ်ဆီးတိုက်စစ်က တုန့်နှေးမနေပဲ စတင်ခဲ့ရာ (၅)မိနစ်တွင် ဦးဆောင်ဂိုးစတင်ရရှိခဲ့သည်။
ထောင့်ကန်ဘောမှတစ်ဆင့် တောရက်စ်က ခေါင်းတိုက်ကာ သွင်းယူခဲ့ခြင်းဖြစ်သည်။ တောရက်စ်၏နေရာယူ
ပါးနပ်မှုကြောင့်ဟု ပြောရမည်။ ဂိုးရပြီးနောက်(၁၀)မိနစ်လောက်အထိ ချယ်လ်ဆီးအသင်း ပွဲကိုစိုးမိုးထားသော်
လည်း ယင်းနောက်ပိုင်း အိမ်ရှင်အသင်းက တိုက်စစ်ပိုဆင်လာခဲ့သည်။ (၂၇)မိနစ်တွင် ဘိုအ်တန် ကန်ချက်
နဲ့ Neustadter နဲ့ ထောင့်ကန်ဘောပေးပို့မှုမှ ခေါင်းတိုက်ချက်တို့ကို ပီတာချက် ပုတ်ထုတ်လိုက်နိုင်ခဲ့၍
ချယ်လ်ဆီးအသင်း သက်သာရခဲ့သည်။ ပထမပိုင်းတွင် ချယ်လ်ဆီးအသင်း တစ်ဂိုးဂိုးမရှိဖြင့် ဦးဆောင်နေသည်။
s3
ဒုတိယပိုင်းတွင် ချယ်လ်ဆီးကစားပုံမှာ ပထမပိုင်းထက်ပိုကောင်းလာသည်။ ခံစစ်ပိုမိုကျစ်လစ်ပြီး တန်ပြန်
တိုက်စစ်ဖြင့် အကောင်းဆုံးတုန့်ပြန်နိုင်ခဲ့သည်။ (၅၁)မိနစ်တွင် တောရက်စ်က ပြစ်ဒစ်ဘောမှတစ်ဆင့်
ခေါင်းတိုက်သွင်းယူချက် လှပသော်လည်း တိုက်ထိထွက်ခဲ့၍ နစ်နာခဲ့ရသည်။ သို့သော်လည်း ချယ်လ်ဆီး
ဒုတိယဂိုးကို ကြာကြာမစောင့်ခဲ့ရပေ။ (၆၇)မိနစ်တွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် အော်စကာကွင်းလယ်မှ
တောက်လျောက် သယ်လာပြီး လွတ်နေသည့် တောရက်စ်ထံထိုးပေးလိုက်ရာ စပိန်တိုက်စစ်မှူးက ဂိုးသမားကို
အသာတစ်ချက်ခေါက်ပြီး ဒုတိယဦးဆောင်ဂိုးကို သွင်းယူခဲ့သည်။ ချယ်လ်ဆီးတန်ပြန်တိုက်စစ် မည်မျှပီပြင်
သည်ကို အော်စကာ၊ ဟာဇက်၊ တောရက်စ်တို့ တစ်ပြိုင်နက်တက်သွားသည့်အချိန်တွင် အိမ်ရှင်နောက်တန်းတွင်
ကစားသမားတစ်ဦးသာ ရင်ဆိုင်ရန်ကျန်ရှိနေသည်ကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။
s4
ဒုတိယဂိုးပေးလိုက်ရပြီးနောက် ရှော်လ်ကေးအသင်း စိတ်ဓာတ်အနည်းငယ် ကျသွားပြီး တိုက်စစ်များမှာ
ပထမပိုင်းကဲ့သို့မဟုတ်တော့ပဲ လျော့တိလျော့ရဲ ဖြစ်သွားသည်။ မော်ရင်ဟိုကလည်း မီခေးလ်၊ လူးဝစ်တို့ထည့်
ပြီးအနိုင်ကိုထိန်းသိမ်းရန် ကြိုးစားနေစဉ် ချယ်လ်ဆီး တတိယဂိုး ထပ်ရသွားသည်။ ယင်းဂိုးမှာ ဒုတိယဂိုးကဲ့သို့
ဆင်တူပြီး တန်ပြန်တိုက်စစ်မှ ဟာဇက်၊ တောရက်စ်တို့ ရှော်လ်ကေးနောက်တန်းသမား တစ်ဦးနှင့်သာ ရင်ဆိုင်
ရပြီး ဟာဇက်က မြေလှိမ့်ဘောဖြင့် သွင်းယူကာ ဂျာမန်တို့၏ မျှော်လင့်ချက်ကို အပြီးတိုင် ချေမှုန်းလိုက်သည်။
ပွဲကိုခြုံငုံသုံးသပ်ရပါက နောက်ဆုံး(၅)ပွဲတွင်(၄)ပွဲအနိုင်ရပြီး (၁)ပွဲသရေရလာဒ်ကောင်း ရရှိထားသည့်
ရှော်လ်ကေးလိုအသင်းကို ၄င်းတို့အိမ်ကွင်းတွင် ဂိုးပြတ်အနိုင်ရရှိရန် တော်ရုံအသင်းစွမ်းဆောင်နိုင်မည်
မဟုတ်ပေ။ ပထမပိုင်း တစ်ဂိုးရပြီးနောက် ချယ်လ်ဆီးကစားပုံမှာ အပြစ်ပြောစရာ အနည်းငယ်ရှိ
သည်မှလွဲ၍ကျန်ကစားခဲ့ပုံမှာ ယခုရာသီကစားပြီးချိန်အထိ အကောင်းဆုံးတစ်ပွဲဖြစ်သည်။ ယခုနောက်ပိုင်း
ချယ်လ်ဆီးအသင်း၏ ကစားပုံကို သတိထားမိပါက ဒုတိယပိုင်းတွင် ကစားပုံပိုမိုကောင်းမွန်သည်ကို တွေ့ရသည်။
မော်ရင်ဟို၏အဓိကအားသာချက်မှာ ပထမပိုင်းအသင်း၏ အားသာချက် အားနည်းချက်ကို ကောင်းကောင်း
ဖတ်မိပြီး ဒုတိယပိုင်းတွင် နည်းဗျူဟာရော၊ လူစားလဲမှုပါ ရဲရဲတင်းတင်းပြုလုပ်ခြင်းဖြစ်သည်ဟုပြောရမည်။
ဒုတိယပိုင်းရခဲ့သည့် (၂)ဂိုးစလုံးကိုကြည့်လျှင် ဟာဇက်ကို တန်ပြန်တိုက်စစ်ဆင်လာပါက မည့်သည့်နေရာတွင်
ရှိနေရမည်ကို သေချာမှာထားပုံရပြီး ဟာဇက်ကလည်း အတိအကျလိုက်နာလှုပ်ရှာခဲ့ခြင်းကြောင့် ရရှိခြင်း
ဖြစ်သည်ဟု သုံးသပ်မိသည်။
Chelsea's Eden Hazard scores his team's third goal
တောရက်စ်ဒဏ်ရာကပြန်လည်ကောင်းမွန်လာပြီး ကစားပုံပိုကောင်းမွန်လာသလို ကြိုးစားအားထုတ်မှုမှာ
အပြစ်ပြောစရာမရှိပေ။ Man of the Match ရရှိသည်မှာထိုက်တန်ကြောင်း အငြင်းပွားမည့်သူရှိမည်မထင်ပေ။
တောရက်စ်သည် အထူးသဖြင့် ဥရောပပွဲများတွင် ဂိုးမြူးလေ့ရှိပြီး Super Cup ပွဲအပါအ၀င် ယခုနှစ်
တွင်(၃)ဂိုးသွင်းယူထားပြီး နောက်ပွဲများအတွက်လည်း အဆင်သင့်ဖြစ်နေသည့် အနေထားဟုမြင်မိသည်။
အော်စကာ ကစားပုံအနည်းငယ်လျော့ပြီး ဟာဇက်ကတော့ ယခုနောက်ပိုင်းEPL ရော CL မှာပါ အကောင်းဆုံးခြေစွမ်းပြန်ရနေသည်။ ဂိုးသွင်းသည့်သူများကို ချီးမွန်းသည်မှာမလုံလောက်ပဲ ပီတာချက်လို
အပိုင်ဂိုး(၂)ဂိုးလောက် လက်စွမ်းပြကာကွယ်ခဲ့သည့် ဂိုးသမားမျိုးကိုလည်း မေ့မထားသင့်ပေ။ အုပ်စု(E)၏
အခြားပွဲဖြစ်သည့် စတူအာအသင်းနှင့် ဘေဆယ်အသင်းတို့သရေကျခဲ့၍ ချယ်လ်ဆီးအသင်းသည်
(၃)ပွဲကစား(၆)မှတ်ဖြင့် အုပ်စုပထမနေရာသို့ ရောက်ရှိလာသည်။
s6

 Must Watch ! Good quality highlight 

Chelsea v Schalke 04 by dm_5266f906420c6

0 comments:

Post a Comment

 
Top