ကားတင်မက စမတ်နာရီပါထုတ်တဲ့ ဂျပန် နစ်ဆန်း 

ဂျပန် Nissan မော်တော်ယာဉ် ထုတ်လုပ်တဲ့ ကုမ္မဏီတစ်ခုအနေနဲ့ ယခုလို နာရီထုတ်လိုက်မယ်လို့တောင် ဘယ်သူမှ ထင်ထားမှာ မဟုတ်ပါဘူး။ Samsung, Apple, Sony တို့အပြင်အဆိုင် စမတ်နာရီ ထုတ်ချိန် ပြိုင်ဘက်က Nissan ဖြစ်သွား နိုင်ပါတယ်။

လက်ရှိ ထုတ်လိုက်တဲ့ နာရီက Nissan မော်တော်ယာဉ်အတွက်ပဲ ရည်ရွယ်ပေမယ့် နောက်ဆိုရင် စမတ်ဖုန်းနဲ့ အခြားသော ကားများမှာပါ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ Bluetooth App ကနေ ကားကို ချိတ်မယ်။ ကားရဲ့  မောင်းနှင်မှု မှိုင်နှုန်း၊ ဆီစားနှုန်းနဲ့ အခြားသော သတင်းအချက်အလက် အားလုံးကို နာရီမှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ကားရဲ့  entertainment နဲ့ လုံခြုံရေး စနစ်များကိုလည်း နာရီမှ တစ်ဆင့် ထိန်းချုပ် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီဇိုင်းလည်း တော်တော်လှပါတယ်။

နာရီရဲ့  အသုံးဝင်ချက်က  အံ့မခန်းပါ။ ဒရိုင်ဘာရဲ့  ကျန်းမာရေးကိုပါ စုံစမ်းထောက်လှမ်းပေးနေ ပါတယ်။ Heart beat rate app ပါဝင်ပြီး သွေးလည်ပတ်မှုနှုန်းကို တိုင်းတာလို့ ကားဆက်မမောင်းသင့်ရင် Alarm မြည်စေမှာ ဖြစ်ပါတယ်။ ဒရိုင်ဘာကို အပြည့်အဝ အထောက်အကူ ဖြစ်စေမယ့် နာရီ ဖြစ်ပါတယ်။ နောက်ဆိုရင် စမတ်ဖုန်းနဲ့ပါ တွဲဆက် အသုံးပြုနိုင်မှာပါ။ Nissan ရဲ့  နောက်ပိုင်းထွက်မယ့် မော်ဒယ်သစ် အမြင့်ကား အချို့ မှာ စတင် ပါဝင်လာမှာ ဖြစ်ပါတယ်။ သီးသန့် လည်း ရောင်းချပေးမှာပါ။ ဘက်စုံသုံး Smartwatch တစ်လုံး ဖြစ်အောင် ကြိုးစား စွမ်းဆောင်လျက် ရှိကြောင်း သိရပါတယ်။
.
Ref: autoblog
အောင်ခမ်း ( ရိုးရာလေး )

www.yoyarlay.com/science-tech/134-inventions/38347-nissan-smartwatch-launched

0 comments:

Post a Comment

Top