Samsung Galaxy Note3 + Gear ဖြစ်ပါတယ်။

မျက်နှာပြင် ၅.၇ လက်မရှိခြင်း၊
တပြိုင်နက်တည်းမှာ အလုပ်တစ်ခုထက် ပိုပြီး လုပ်ဆောင်နိုင်ခြင်း၊
ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်တဲ့ ကင်မရာ ပါဝင်ခြင်း
S Pen ကို တကယ့်ဘောပင်အစစ်နှင့်မခြား အသုံးပြုနိုင်ခြင်း
စသဖြင့် စသဖြင့်သော ဂုဏ်သတ္တိများ ရှိနေပါတယ်။

ဆမ်ဆောင်းရဲ့ S Pen တွေဟာ အရည်အသွေး ပိုကောင်းလာတယ်လို့ ပြည်ပက အိုင်တီပစ္စည်း သုံးသပ်ဝေဖန်သူတွေက ဆိုပါတယ်။
ပြီးတော့ ပါဝင်တဲ့ ကင်မရာကလည်း ကြော်ငြာထားသလို ပုံထွက်ကောင်းပါတယ် တဲ့။ ဈေးလည်း ကြီးပါတယ် တဲ့။ အင်း... အိုင်တီပစ္စည်းတွေကတော့ ဈေး ခပ်ကြီးကြီးတွေပဲမဟုတ်လား။
မျက်နှာပြင် အရွယ်အစား ကြီးမားတယ် ဆိုတော့ စာဖတ်လို့ကောင်း စာရိုက်လို့ကောင်းတယ် ဆိုပါစို့။

စမတ်နာရီထွင်ပြီး ဘာတွေ ထပ်ထွင်ကြဦးမယ် မသိပါ။
စမတ်နာရီကလည်း မျက်နှာပြင်ကို ပွပ်သပ်ပြီး သုံးလို့ရတာ တွေ့ရမှာပါ။
မြန်မာပြည်မှာတော့ Samsung က သူ့ရဲ့ နောက်ဆုံးပေါ်ပစ္စည်း Galaxy Note 3+Gear မိတ်ဆက်ပွဲ အခမ်းအနားကို ပြီးခဲ့တဲ့လ ၂၅ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ပါတယ်။
ဘယ်ဈေးလဲ။
စက်တင်ဘာ၂၇,၂၈,၂၉ သုံးရက်အတွက် အထူး ဈေးနှုန်းတွေက
Samsung Galaxy Note3 နဲ့ View Cover တစ်စုံ - ၇၁၅,ဝဝဝ
Samsung Galaxy Note3 + View Cover + Galaxy Gear တစ်စုံ - ၉၅၅,ဝဝဝ
Galaxy Gear တစ်ခု- ၂၅၈,ဝဝဝ
လို့ ဆိုပါတယ်။
အခုတော့ အထူးဈေးနှုန်း ရတော့မယ် မဟုတ်ဘူးလို့ ယူဆရပါတယ်။

0 comments:
Post a Comment