Review: Breitling Emergency II (သို့) အရေးပေါ် ဂြိုဟ်တုဆက်သွယ်ရေး လက်ပတ်နာရီ

ဈေးနှုန်း - ဒေါ်လာ ၁၉၀၀၀

Breitling ရဲ့ မူလပထမ Emergency လက်ပတ်နာရီအား ၁၉၉၅ ခုနှစ်တွင် ထုတ်လုပ်ရောင်းချ ခဲ့ပါတယ်။ 

အဆိုပါ နာရီသည် 121.5 MHz မီတာ ရေဒီယိုလှိုင်းကို ထုတ်လွှင့်ပေးနိုင်တာကြောင့် လမ်းကြောင်းပျောက်နေတဲ့ သင်္ဘောတွေ၊ လမ်းမှာရောက်နေတဲ့ ခရီးသွားတွေအတွက် အရေးပေါ်အခြေအနေမှာ ကြီးမားတဲ့ အထောက်အပံ့ ရရှိနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နာရီပတ်ထားသူရဲ့ တည်ရှိနေရာကိုတော့ အကြမ်းဖျင်း သိရှိထားဖို့ လိုအပ်ပါတယ်။ 

၂၀၁၃ ခုနှစ်မှာတော့ အဆိုပါ အခက်အခဲအား ဖြေရှင်းနိုင်မည်ဖြစ်သလို ပိုမိုကောင်းမွန်ပြီး အဆင့်မြင့်တဲ့ နည်းပညာတွေ ထည့်သွင်းတည်ဆောက်ထားတဲ့ Breitling Emergency II ကို ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။ သင့်အနေနဲ့ ကမ္ဘာမြေပြင်ရဲ့ မည်သည့်နေရာကို ရောက်နေသည်ဖြစ်ပါစေ ဤနာရီကို ဝတ်ဆင်ထားလိုက်ပါက အရေးပေါ် အခြေအနေမှာ သင့်အား မလွဲမသွေ ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။ 

Emergency II ဟာ ဂြိုဟ်တုနဲ့ ချိတ်ဆက်နိုင်စွမ်း ရှိတာကြောင့် သင်ရှိနေရာ အရပ်ဒေသရဲ့ ကိုသြဒိနိတ်တွေကို COSPAS-SARSAT လို့ခေါ်တဲ့ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး ဂြိုဟ်တု ၅ ခုထံသို့ ပို့လွှတ်ပေးနိုင်ပြီး သင့်အား ရှာဖွေတွေ့ရှိစေနိုင်မှာ ဖြစ်ပါတယ်။ အရေးပေါ် ခလုတ်အား မတော်တဆ နှိပ်မိခြင်းမှ ကာကွယ်ရန် အရေးပေါ် အချက်ပြလှိုင်းအား ထုတ်လွှင့်လိုပါက နာရီပေါ်ပါ အန်တင်နာတိုင် ၂ ခုကို ဆွဲထုတ်ပြီး ပေးပို့ရမှာ ဖြစ်ပါတယ်။ 

Emergency II ဟာ 121.5 MHz ရေဒီယိုလှိုင်းနဲ့ 406 MHz ဒစ်ဂျစ်တယ်လှိုင်းတို့ကို အသုံးပြုပါတယ်။ အရေးပေါ် အချက်ပြလှိုင်းကို နာရီမှာ ပါဝင်တဲ့ ပြန်လည်အားသွင်းနိုင်တဲ့ ဓာတ်ခဲကို အသုံးပြုပြီး ၂၄ နာရီကြာ ထုတ်လွှင့်ပေးမှာဖြစ်ပြီး 

နာရီ၏ ကိုယ်ထည်အား တိုက်တေနီယံနဲ့ ပြုလုပ်ထားတာကြောင့် လွန်စွာခိုင်ခံ့ပြီး မည်သည့် ရေမြေရာသီဥတု အခြေအနေမျိုးနှင့်မဆို ကိုက်ညီပြီး အရေးပေါ် အခြေအနေမှာ လွန်စွာမှကို အသုံးတည့်တဲ့ နာရီလည်း ဖြစ်ပါတယ်။ 

ဈေးနှုန်းကတော့ ဒေါ်လာ ၁၉၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းမြင့်မားပေမယ့် တကယ့်အရေးပေါ် အခြေအနေမှာ သင့်အသက်ကို ကယ်တင်နိုင်ခဲ့ အခါကျရင်တော့ Breitling Emergency II ကို သင့် ကျေးဇူးတင်မိမှာ အမှန်ပါပဲ။
 
0 comments:

Post a Comment

Top