ပရီးမီးယားလိဂ် ၏ ယခုတစ်ပတ် အကောင်းဆုံးပွဲဖြစ်ခဲ့တဲ့ ချဲလ်ဆီး နှင့် မန်စီးတီးအသင်း ပွဲစဉ်မှာ အိမ်ရှင် ချဲလ်ဆီးမှ ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူနိုင်ခဲ့ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်မှာ အဆင့် ၅ နှင့် ၆ နေရာမှာ အသီးသီး ရပ်တည်နေကြတဲ့ အသင်းနှစ်သင်းတွေ့ဆုံပွဲဖြစ်တာမို့ နှစ်သင်းစလုံးအတွက် ဇယားထိပ်ဆီကို တက်လှမ်းနိုင်ရေး ယနေ့ညပွဲစဉ်၏ ရလဒ်က အရေးကြီးနေပါတယ်။ ဒီအတွက်ကြောင့်နှစ်သင်းစလုံး အားသွန်ခွန်စိုက် ကစားခဲ့ကြသလို ကွင်းလယ်ဒိုင် တင်ဟောင်းဝပ် မှလည်း အ၀ါကတ်များသုံးပြီး ပွဲကိုထိန်းကစားစေခဲ့ပါတယ်။ ပထမဦးဆုံးအ၀ါကတ်ကို ချဲလ်ဆီးကွင်းလယ် လူ လမ်းပတ်မှ တိုရေးအပေါ် ဖြတ်လုတာကြမ်းတယ်ဆိုပြီး ပြခံရပါတယ်။ ချဲလ်ဆီးအသင်းအတွက် ပထမဦးဆုံးအနိုင်ဂိုးကို ၃၃ မိနစ်တွင် တောရက် ညာဘက်တောင်ပံ ဂိုးဧရိယာ ထိပ်ကနေ တစ်ကိုယ်တော်အစွမ်းပြပြီး ဂိုးရှေ့ ကို ခင်းပေးခဲ့တာကို ရှိုရာက အမှားမခံဘဲ ကန်သွင်း နိုင်ခဲ့တာပါ။ တောရက်အနေဖြင့် အပိုင်အခွင့်အရေးတစ်ခုကို ဖြုန်းတီးမြိပီး မိနစ်အနည်းငယ် အတွင်းမှာ အကောင်းဆုံးပံ့ပိုးပေးနိုင်ခဲ့တဲ့ ဂိုးတစ်ဂိုးအဖြစ် သတ်မှတ်ရမှာပါ။ ထို့နောက်မှာလည်း ၃၆ မိနစ်မှာ တောရက် ဘယ်တောင်ပံကနေ တစ်ချက်ခေါက်ပြီး ကန်သွင်းသော်လည်း ဂိုးဘားထိခဲ့၍ ချဲလ်ဆီးအသင်း နစ်နာခဲ့ရပါတယ်။ ဂိုးရပြီးနောက်ပိုင်းမှာလည်း နှစ်သင်းစလုံး အပြန်အလှန် ဖိအားပေး ကစားကြတာမို့ ပွဲက အကြိတ်အနယ်ရှိလှပါတယ်ပါတယ်။ မန်စီးတီး အနေဖြင့် ၄၁ မိနစ် မှာ အပိုင်အခွင့်အရေးမျိုးရရှိသော်လည်း အကွိရိုကန်ချက်ကို ပီတာချက် ကာကွယ်သွားနိုင်ခဲ့ပါတယ်။  မန်စီးတီးမှ ချေပဂိုး ရရှိရေးအတွက် ကြိုးစားလာတာကို တွေ့ရပြီး ချဲလ်ဆီးနောက်တန်းအကောင်းဆုံး ဖျက်ထုတ်ကာကွယ်မှုတွေကို ပြုလုပ်နိုင်တာကို မြင်ရပါတယ်။ ပထမပိုင်း အပြီးတွင်  ချဲလ်ဆီးမှ ထောင့်ကန်ဘော ၂ ကြီမ် နှင့် မန်စီးတီးမှ ၄ ကြိမ် ကန်ခွင့် ရခဲ့ပါတယ်။ ပွဲအပြီးမှာ အိမ်ရှင်မှ တစ်ဂိုးအသာဖြင့် ဦးဆောင်နေနိုင်ခဲ့ပါတယ်။
Chelsea v Man C


ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံး အပြန်အလှန် အကြိတ်အနယ် ကစားခဲ့ကြပြီး၊ မန်စီးတီးအသင်းမှ ၄၉ မိနစ်တွင် နာရဆီ ခင်းပေးတဲ့ဘောလုံးကို သေသပ်စွာဖြင့် အပြင်းကန်ထည့်ပြီး ချေပဂိုးရရှိခဲ့ပါတယ်။ ဒုတိယပိုင်း ၆၅ မိနစ်မှာ ရှိုရာ နှင့် လမ်းပတ်နေရာကို ၀ီလီယံ နှင့် မီးခေးလ်တို့ အသီးသီးလူစားထိုး ၀င်ရောက်ကစားခဲ့ပြီး အနိုင်ရလဒ်အတွက် တိုက်စစ်မြင့်ကစားခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာ ချဲလ်ဆီးတိုက်စစ်မှုး တောရက်စ်တစ်ယောက် ခြေစွမ်းပြသနိုင်ခဲ့ပြီး တစ်ကိုယ်တော်ထိုးဖောက်နိုင်ရေး အစွမ်းကုန် ကြိုးစားခဲ့သလို၊ သူ့အား လူကပ်ကစားတဲ့ မန်စီးတီး နောက်ခံလူများ အ၀ါထိခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။ အထူးသဖြင့် မန်စီးတီးနောက်တန်းများ အဖျက်အထုတ် ကြမ်းတာမို့ နည်းပြ မော်ရင်ဟိုလည်း အရန်ဒိုင်တွေအပေါ် စောကဒက် တက်ခဲ့ပါသေးတယ်။ ၆၉ မိနစ်မှာ မန်စီးတီးမှ နာဆရီနေရာ ကို နာဗက်ကို ထည့်သွင်းခဲ့ပြီး ပွဲကို ထိန်းချုပ်ကစားနိုင်ရေး ကြိုးစားခဲ့ပါတယ်။ မိနစ် ၈၀ ကျော်မှာ အိမ်ရှင် ချဲလ်ဆီးတို့ အောင်ပွဲခံနိုင်ရေး မန်စီးတီးနောက်ခံလူများကို ဖိအားပေးတိုက်စစ် ဆင်ကစားလာပါတယ်။လူစားလှဲလည်မှု အနေဖြင့် ဟာဇက် နေရာမှာ အီတိုးကို ထည့်သွင်းပြီး တိုက်စစ်ကို မြင့်တင်ကစားခဲ့ပါတယ်။

Chelsea v Man C
 မန်စီးတီးအသင်းကလည်း ၈၅ မိနစ်နောက်ပိုင်းမှာ သရေရလဒ်အနေအထား ထိန်းထားနိုင်ရေး နောက်ခံလူများ ထည့်သွင်းအားဖြည့်ကစားခဲ့ပါတယ်။ ချဲလ်ဆီးအတွက် အနိုင်ဂိုးအဖြစ် ဒီနေ့အတွက် ခြေစွမ်းပြနေတဲ့ တောရက်စ်က မန်စီးတီးနောက်ခံလူအမှားမှ တစ်ဆင့် ရရှိလာတဲ့အခွင့်အရေးကို
ပိုင်ပိုင်နိုင်နိုင် အသုံးချပြီးအဆုံးဖြတ်ဂိုးတစ်ဂိုးကို သွင်းယူနိုင်လိုက်ပါတယ်။ ပွဲအပြီးမှာ မန်စီးတီးမှ ချေပဂိုးရရှိရေး မစွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ချဲလ်ဆီး အသင်း တောရက်၏ နောက်ကျဂိုးဖြင့် အိမ်ကွင်း စတန်းဖို့ ဘရိတ်မှာ အောင်ပွဲခံသွားနိုင်ခဲ့ပါတယ်။
 
Chelsea v Man C
ယနေ့ ပွဲမှာ မန်စီးတီးအသင်းက အဝေးကွင်းမှာ သွားရောက်ကစားခဲ့သော်လည်း ဘောလုံးပိုင်ဆိုင်မှု ၅၄ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ အကွိရိုအနေဖြင့် ပရီးမီးယားလိဂ် ပွဲစဉ် (၉) ပွဲကစားအပြီး (၇) ဂိုးရယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ ယခုနိုင်ပွဲကြောင့် ချဲလ်ဆီးအသင်းသည် ဇယား ဒုတိယနေရာကို ယခင်တပတ်က ရလဒ်အတိုင်း ရပ်တည်နေနိုင်ခဲ့ပြီး၊  မန်စီးတီးအသင်းကတော့ အဆင့် ၇ နေရာနှင့် မန်ယူအပေါ်မှာ ရပ်တည်ခဲ့ပါတယ်။ ယနေ့ည နိုင်ပွဲကြောင့် ချဲလ်ဆီးသည် အရင်နှစ်များကာလက မန်စီးတီးအသင်းနှင့်တွေ့ဆုံတိုင်း ရှုံးခဲ့ရသည့် ရလဒ်တွေကို ခြေဖျက်နိုင်ခဲ့ပါတယ်။ ချဲလ်ဆီး တိုက်စစ်မှုး တောရက်တစ်ယောက် အဆုံးအဖြတ်သွင်းဂိုး တွေနှင့်အတူ အကောင်းဆုံးကစားသမားဆုကို ယနေ့ပွဲအတွက် ရရှိခဲ့ပြီး၊ နောက်ပွဲစဉ်များမှာလည်း အကောင်းဆုံး အနေအထား ဖြင့် ချဲလ်ဆီးအသင်းအပေါ် ပေးဆပ်နိုင်ရေး ပြန်လာနေပြီဟု သုံးသပ်မိပါတော့တယ်။
  
 Chelsea vs Manchester City (2 1) All Goals Highlights 27 10 2013
Written by မိုးတိမ် (တမာမြေ)

0 comments:

Post a Comment

 
Top