deb ဖိုင် အင်စတောလုပ်နည်းလေးပါ ။

လိုအပ်တာတွေကတော့ Cydia ထဲသွားပြီး iFile ဆော့ဝဲကို အင်စတောလုပ်လိုက်ပါ ။

ပြီးရင် PC မှာသုံးဖို့ iTools ဆော့ဝဲကို ဒီမှာနှိပ်၍ ဒေါင်းယူပါ ။ 

အားလုံးပြီးပြီဆိုရင် သင့် Apple ကို ကွန်ပြူတာနဲ့ချိတ်လိုက်ပါ ။ ပြီးရင် iTools ကိုဖွင့်လိုက်ပါ ။
FileSystem ဝင် >>> FileSystem(Jailbreaked) ဝင် >>> Var ထဲဝင်လိုက်ပါ >>> အပေါ်က Create Folder ကိုနှိပ်လိုက်ပါ ဖိုဒါအသစ်တစ်ခုထွက်လာပါမယ် AutoInstall ဆိုပြီး နာမည်ပေးလိုက်ပါ ။ ပြီးရင် ကိုယ်သွင်းချင်တဲ့ deb ဖိုင်ကို အဲ့အထဲထည့်ပေးလိုက်ပါ ။ ပြီးရင် ကြိုးဖြုတ်လိုက်လို့ရပါပြီ ။

ကိုယ်သွင်းချင်တဲ့ deb ဖိုင်ကို အင်စတောလုပ်ဖို့ရန် iFile ဆော့ဝဲထဲဝင်လိုက်ပါ >>>ရှေ့ဆုံးမျက်နှာစာက Var ထဲဝင်ပါ >>> အဲ့ထဲမှာ AutoInstall ဖိုဒါထဲတွင် ကိုယ်ထည့်ထားတဲ့ deb ဖိုင်ကိုတွေ့ပါမယ် နှိပ်လိုက်ပါ Install ရွေးပေးလိုက်ပါ ပြီးသွားရင် Done ပေါ့ ။
ပြီးရင် အပြင်မျက်နှာစာပြန်ထွက်ပြီး ဖုန်းကို Power ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ သင်deb ဖိုင် အင်စတောလုပ်လို့ပြီးသွားပါပြီ ။

အားလုံးပဲ အဆင်ပြေကြပါစေ... :-)

Post By : Djjoe Man (MMF) 

0 comments:

Post a Comment

 
Top