Pages

Pages

Pages

Monday, October 28, 2013

Flat Color Selector - Metro Design or Microsoft Design Language


Microsoft က Windows 8 မှာ Metro Design ကို အသုံးပြုလာတဲ့နောက်ပိုင်းမှာ web design တွေဆိုလည်း metro design တွေကို ပြောင်းလဲ အသုံးပြုလာပါတယ်။ Metro Design ဆိုတာကတော့ တစ်ပိုဂရပ်ဖီ (typography) {စာလုံး အထားအသို} ကို အခြေခံပြီးတော့ ဒီဇိုင်းဆွဲနည်း ဖြစ်ပါတယ်။ Microsoft က တီထွင်တာဖြစ်ပါတယ်။ Windows 8 ကျတော့မှ တီထွင်တာမဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက MSN 2.0 လောက်မှာတုန်းကတည်းက Metro ဆိုပြီး မိတ်ဆက်ပြီး သုံးခဲ့တာပါ။ ခုနောက်ပိုင်းမှာတော့ Microsoft design language လို့ ပြောင်းခေါ်ပြီး သုံးကြပါတယ်။ Metro အကြောင်းပြောရင်တော့ စာတော်တော်ရှည်သွားပါလိမ့်မယ်။

အခုပြောချင်တဲ့အကြောင်းအရာကတော့ အဲဒီ Metro Design မှာ အသုံးပြုတဲ့အရောင်တွေပါ။ Windows 8 ရဲ့ welcome screen ကို သတိထားကြည့်လိုက်ရင် အရောင်တွေက ခုံးတာတွေ၊ ဖောင်းတာတွေ၊ ကြွတာတွေ၊ gradient တွေ ဘာမှမပါဘဲ ပြားပြားလေးတွေ (flat) ဖြစ်နေတာကို တွေ့ရမှာပါ။ Microsoft ကစပြီးတော့ flat color တွေ သုံးလာကြတော့ ခုနောက်ပိုင်း ဆိုက်တော်တော်များများ လူတော်တော်များများလည်း website တွေ logo တွေမှာကအစ flat color တွေပဲ သုံးလာကြပါတယ်။ Google တောင် flat logo လေးဖြစ်သွားပါပြီ။ အဲဒီ flat အရောင်ကလည်း ရွေးရခက်ပါတယ်။ ကိုယ့်ဘာသာကိုယ်ရွေးရင် အရောင်ကမလှသလို flat လည်းမဖြစ်တော့ Metro လည်းမဆန်ဘူး။ ဒါကြောင့်မို့လို့ လွယ်လွယ်ကူကူ flat color လေးတွေ ရွေးလို့ရအောင်၊ အရောင်လည်း flat ဆန်အောင်ဆိုပြီးတော့ website တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

http://flatuicolors.com/ ပါ။ flat color တွေကို တစ်ပြင်လုံးမှာ ပြထားပါတယ်။ အပေါ်ဘက်မှာ Color Format ကိုရေးပြီး ကိုယ်လိုချင်တဲ့အရောင်ပေါ် ကလစ်တစ်ချက်နှိပ်လိုက်ရုံပါဘဲ။ အရောင်ရွေးလိုက်ပြီဆိုရင်လည်း animation လေးတွေနဲ့ ပြပေးမှာဖြစ်ပါတယ်။ အခုပဲ ဝင်လေ့လာလိုက်ပါဦး။ web design သမားတွေအတွက်ကတော့ http://designmodo.github.io/Flat-UI မှာလည်း ဝင်ပြီး icon တွေနဲ့ html ဖိုင်ကို download လုပ်နိုင်ပါတယ်။

Myanmar CNN News

No comments:

Post a Comment