Galaxy Gear စမတ်နာရီ ပြန်လည်ပေးပို့မှုများပြား
===========================

ပွဲဦးထွက် Samsung Galaxy Gear က ပရိသတ်ရဲ့အားပေးမှုကို မရရှိခဲ့ပါဘူး။ အခုတော့ Galaxy Gear ဝယ်ယူထားပြီးသူတွေက 
 ပြန်လည်ပေးပို့ကြတယ်လို့ သိရပါတယ်။ 

Geek.com ရဲ့ အဆိုအရ Galaxy Gear စမတ်နာရီ ပြန်လည်ပေးပို့တဲ့ အရေအတွက် စာရင်းထွက်ပေါ်လာတယ်လို့ ဆိုပါတယ်။ Galaxy Note 
III ကိုဝယ်ယူစဉ် Galaxy Gear ကိုပါ ပူးတွဲဝယ်ယူရန် တွန်းအားပေး မှုကြောင့် Galaxy Gear စမတ်နာရီကို ဝယ်ယူထားခြင်းသာ ဖြစ်ကြောင်း လက်ရှိမှာ Galaxy Gear ကိုပြန်လည်ပေးပို့သည့်အရေတွက်မှာ ၃၀% အထိရှိပြီဖြစ်ကြောင်း သိရပါတယ်။ 

လက်ရှိမှာ Galaxy Gear က Galaxy Note III နဲ့သာ ချိတ်ဆက် အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ အဲဒီအတွက် Note 2, Galaxy S3, Galaxy S4, and Galaxy S4 Active တွေနဲ့ ချိတ်ဆက်သုံးနိုင်ဖို့ အဆိုပါဖုန်းများမှာ software update ကို မကြာမီ ပြုလုပ်ပေးသွားမယ်လို့ ဆိုပါတယ်။ သို့ပေမယ့်လည်း Galaxy Gear ရဲ့ ပွဲဦးထွက်မလှခဲ့တာကြောင့်
 နောက်ပိုင်းဘယ်လိုလာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။
 
0 comments:

Post a Comment

Top