Samsungရဲ့ စမတ်ဖုန်းသစ် Galaxy S5 ကို ကွေးညွတ်နိုင်သော မျက်နှာပြင်၊ အလူမီနီယံ ကိုယ်ထည်တို့ဖြင့် ထုတ်လုပ်သွားနိုင်ဖွယ်ရှိ
Galaxy S5 သတင်းများအား အဓိက ဖော်ပြပေးနေသည့် Galaxy S5 Info အဖွဲ့မှ ထုတ်ဖော်ပြသခဲ့တဲ့ Galaxy S5 Concept ဓာတ်ပုံများအားလည်း စုစည်းဖော်ပြ ပေးလိုက်ပါတယ်။
တောင်ကိုရီးယားအခြေစိုက် ကမ္ဘာကျော်နည်းပညာ ကုမ္ပဏီ Samsung ရဲ့ Galaxy S မျိုးဆက်သစ်ဟာ သူ့ရှေ့ကထွက်ခဲ့တဲ့ စမတ်ဖုန်းတွေထက် လုံးဝထူးခြားပြောင်းလဲ သွားမှာဖြစ်ပါတယ်။ စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့ ဆမ်ဆောင်းမှာ အလုပ်လုပ်နေတဲ့ ဒီဇိုင်နာတစ်ယောက်ဆီကနေ ကွေးညွတ်နိုင်တဲ့ မျက်နှာပြင်နဲ့ Galaxy S5 သတင်းကိုရရှိခဲ့တာ ဖြစ်ပြီး အဆိုပါ ဖုန်းဟာ ခုချိန်ထိတော့ ဈေးကွက်ထဲ ဖြန့်ချိဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ သိရပါတယ်။
မျက်နှာပြင်အကျယ် ၅.၃လက်မ အရွယ် ကွေးညွတ်နိုင်တဲ့ OLED YOUM Screen ဟာဖုန်းရဲ့ ထောင့်စွန်းတွေအထိ ဖုံးလွှမ်းထားသယောင် ဖန်တီးထားတာ ဖြစ်ပြီး ကျွန်တော်တို့ ပုံမှန်အသုံးပြုနေကြ စမတ်ဖုန်းတွေရဲ့ ဘေးမှာပါဝင်တဲ့ အသံအတိုး/အကျယ် ခလုတ်အစား ထိတွေ့ခလုတ်တွေ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပုံမှန်ပါဝင်နေကြ Home Button နေရာမှာလည်း Physical ခလုတ်အစား Touch Sensor နဲ့အစားထိုး ဖန်တီးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ရှေ့ကထွက်ခဲ့တဲ့ Galaxy S3, S4 ဖုန်းတွေဟာ ဆိုရင် ဈေးပေါတယ်လို့ ခံစားရစေတဲ့ ပလတ်စတစ်နဲ့ ဖန်တီးတည်ဆောက် ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဆမ်ဆောင်းအနေနဲ့ ဝေဖန်မှုတွေ များစွာကို ရင်ဆိုင်ခဲ့ရပြီး အခုမျိုးဆက်သစ် Galaxy S5 မှာတော့ ရေစိုခံ၊ အမှုန်အမွှားတွေ ၀င်ရောက်ခြင်းက ကာကွယ်နိုင်မယ့် အလူမီနီယံ ကိုယ်ထည်နဲ့ စမတ်ဖုန်းကို တည်ဆောက်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
ဆမ်ဆောင်းအနေနဲ့ မကြာသေးမီကမှ မိတ်ဆက်ပွဲထုတ်ခဲ့တဲ့ Galaxy Note 3 မှာ သားရေနဲ့ ပြုလုပ်ဖန်တီးထားတဲ့ ကျောဘက်ကိုယ်ထည် ရှိတာကြောင့် အဖိုးတန်တဲ့ Feeling မျိုးကို အသုံးပြုသူတွေ ခံစားရတယ်လို့ သိရပါတယ်။ ဒါကြောင့် ဆက်လက်ထွက်ရှိလာမယ့် Galaxy S5 မှာပိုမိုကောင်းမွန်တဲ့ အလူမီနီယံ သတ္တုကိုယ်ထည်နဲ့ ဖန်တီးသွားမှာ ဖြစ်ပြီး လက်ရှိမှာတော့ အဆိုပါ စမတ်ဖုန်းထုတ်လုပ်မှုပိုင်းမ
ဒါတွေတင် မကသေးပါဘူး။ ဆမ်ဆောင်းရဲ့ Galaxy မျိုးဆက်သစ် Galaxy S5 မှာ ပါဝင်တပ်ဆင် ထားတဲ့ Spec: တွေကလည်း အံ့မခန်းပါပဲ။ Carl Zeiss Optics နဲ့ 16MP အရည်အသွေးရှိ ကင်ရာ၊ Exynos 5 Chipset နဲ့ 2GHz Processor အပြင် နောက်ဆုံးထွက် အန်းဒရွိုက်ဗားရှင်း 4.4 (Kit Kat) ကိုပါ ထည့်သွင်း အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ထူးခြားချက်ကတော့ ကြိုးမဲ့အားသွင်းစနစ် ပါဝင်လာမှာ ဖြစ်ကာ “Quad-Surround” လို့ခေါ်တဲ့ နည်းပညာနဲ့ စမတ်ဖုန်း စပီကာများ၊ လက်ရှိ Galaxy S4 ထက် ၅၀% Battery သက်တမ်းပိုအသုံးခံ တဲ့ 3,200 mAh လစ်သီယမ် အိုင်းယွန်း Battery တို့ကိုပါ တပ်ဆင် အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ အနေနဲ့တော့ မကြာမီလာမယ့် Galaxy မျိုးဆက်သစ် ဖြစ်တဲ့ Galaxy S5 စမတ်ဖုန်းရဲ့ ဒီဇိုင်းပုံစံကို တကယ်ပဲ နှစ်သက်လှပါတယ်။
အခုထိတော့ တရားဝင်မိတ်ဆက်ပွဲထုတ် သေးတာမဟုတ်လို့ အချက်အလက်တွေကို အတိအကျ မသိရ သေးပေမယ့် ဒီခန့်မှန်းချက်တွေက မှန်ကန်တာများပါတယ်ဗျာ။
Consumer Guide ပရိသတ်ကြီးရော ဆမ်ဆောင်းကို နှစ်သက်သူ ဆိုရင် Galaxy S5 နဲ့ပတ်သက်ပြီး တစ်ခုခု ပြောပေးသွားပါဦး…
---
Kan Gyi - Editor (Myanmar Consumer Guide)
0 comments:
Post a Comment