ကျွန်တော်
 လူတိုင်းအတွက် အကျိုးရှိမယ့် ကျွန်တော်တို့ ပြုလုပ်ထားတဲ့ andriod app 
တခုအကြောင်း ပြောချင်လို့ပါ။ အင်္ဂလိပ်စာလုံး ဝေါဟာရ ကြွယ်ဝအောင် 
အထောက်အကူပေးမယ့် application လေးပါ။ အဲဒီ့ application လေးက တနေ့ကို 
ဝေါဟာရ အသစ်တလုံးကို အင်တာနက်က ဒေါင်းလုပ်ချပေမယ့် app ပါ။ ဒီဇိုင်းက 
ရိုးရိုးလေးပါပဲ။ ဒါပေမယ့် စကားလုံးတွေကို ရှင်းပြထားတဲ့ ရှင်းပြချက်တွေက 
မြန်မာ့ယဉ်ကျေးမှုနဲ့ ယှဉ်ပြီး ရှင်းပြထားတဲ့ အတွက် မြန်မာလူမျိုး အင်္ဂလိပ်စာ
 လေ့လာသူတွေ မှတ်မိလွယ်စေမှာပါ။ ဝေါဟာရ အဆင့်အတန်း ကလည်း IELTS, SAT, TOEFL
 ဖြေမယ့်သူတွေအတွက် တမင်ရည်ရွယ်ထားတဲ့ ဝေါဟာရ မျိုးပါ။ ဖုန်းမျက်နှာမြင် 
အကျယ် ၄.၅ လက်မနှင့် အထက်ကို ရည်ရွယ်ပြီး ပြုလုပ်ထားပါတယ်။ ၄ လက်မရှိ 
ဖုန်းများလည်း သုံးနိုင်ပါတယ်။ 
 
 အသုံးပြုပုံကတော့
 ၁။ app ကို install လုပ်လိုက်ပါ။
 ၂။ install လုပ်ပြီးလို့ အင်တာနက်နဲ့ချိတ်ဆက်ထားရင် ယနေ့ အတွက် ဝေါဟာရကို ကိုတွေ့ရမှာပါ။ 
 ၃။ အရင်နေ့တွေအတွက် ဝေါဟာရတွေကို လည်းကြည့်လို့ရပါတယ်။ 
 ၄။ ကိုယ်ကြည့်ပြီးသားဝေါဟာရတွေကို အင်တာနက် မချိတ်ဆက်ပဲ ပြန်လည်ကြည့်ရှု့လို့ရပါတယ်။
 
 ဒေါင်းလုပ် လုပ်ရမယ့် link ကတော့ 
 
 mediafire မှဒေါင်းရန်
 ကျေးဇူးတင်ပါတယ်ခင်ဗျာ 
 
 Yours, as ever
 
 Ye Zaw Min
 
 
          
      
 
  
 
 
 
 
Top
 
0 comments:
Post a Comment