Lamborghini LM002 အမည်နဲ့၁၉၈၆ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိ အစီးရေ ၃၂၈ စီးသာ ထုတ်လုပ်ခဲ့တဲ့ကား ဖြစ်ပါတယ်။

ခုနေပြန်ရှာဝယ်မယ်ဆိုရင်တောင် တွေ့မှာမဟုတ်ပါဘူး။ တွေ့ရင်လည်း အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြီးပေးရမှာပါ။ အဲ့တုန်းက အမေရိကန် စစ်တပ်ကို စာချုပ်နဲ့ထုတ်လုပ်ရောင်းချပေးခဲ့ခြင်း ဖြစ်ပြီး ပုဂ္ဂလိ က ဈေးကွက် ကိုလည်း အနည်းငယ် ရောက်ရှိပါတယ်။

အင်ဂျင်ပါဝါ ၅ဝဝဝ စီစီ နဲ့၇ဝဝဝ စီစီ နှစ်မျိုး ထုတ်လုပ်ပြီး Lamborghini ရဲ့ပထမဆုံး လေးဘီးမောင်းကားလို့လည်း မှတ်တမ်းတင်ပါတယ်။ တောကြမ်း သုံးဖို့ကောင်းသလို မြို့ထဲလည်း မောင်းနှင်နိုင်တဲ့ကား ဖြစ်ပါတယ်။ ယခု ၂ဝ၁၁ နောက်ပိုင်းမှ ပြန်လည်ထုတ်လုပ်တာကတော့Lamborghini Urus ဖြစ်ပါတယ်။ သူ့နောက်မျိုးဆက်လို့လည်း ဆိုပါတယ်။

သို့ပေမယ့် မူ LM002 နဲ့ပုံစံလုံးဝမတူပါဘူး။ သာမန်ထုတ်လုပ်နေကျ ကားများနဲ့တမူထူးခြားကွဲပြားနေတဲ့Lamborghini LM002 ကို ယခုလို မြင်တွေ့ရပါတယ်။
...
Ref: lambo
Aung Kham (Colay.Automobile)

0 comments:

Post a Comment

 
Top