Google
က iOS အတွက် YouTube App ကို တစ်နေ့ က Update
ပြုလုပ်ပေးခဲ့ပါတယ်။ပြောင်းလဲမှုတွေ တော့ သိပ်မရှိပေမယ့် အသုံးဝင်တဲ့
Feature အသစ်တစ်ခုပါရှိလာပါတယ်။ Video Quality ကို ပြောင်းလဲကြည့်နိုင်တဲ့
အချက်ပဲဖြစ်ပါတယ်။အဲဒီအတွက် YouTube Video တွေကို Quality ကောင်းကောင်းနဲ
့ကြည့်ချင်သူတွေ အတွက်ရော၊ ကွန်နက်ရှင်မကောင်းလို့  Quality
နှိမ့်ပြီးကြည့်ချင်တဲ့သူတွေ အတွက်ပါအဆင်ပြေသွားပါပြီ။
App
ကို Update လုပ်ပြီးရင် Video ရဲ့ ညာဘက် မှာ button ကိုတွေ
့မြင်နိုင်ပါတယ်။ အဲဒီ button ကိုနှိပ်ရင် video quality,closed
captioning,flag as inappropriate ဆိုပြီး options သုံးခုတွေ့ မြင်ရပါမယ်။
Video Quality ကိုနှိပ်ပြီး နှစ်သက်ရာ Quality ကိုပြောင်းကြည့်နိုင်ပါပြီ။
Video
တစ်ခုကြည့်ပြီးနောက်တစ်ခုကိုပြောင်းကြည့်ရင် Quality က Auto
ဖြစ်သွားမှာဖြစ်ပြီး ပြန်ပြောင်းပေးရမှာဖြစ်ပါတယ်။ နှစ်သက်ရာ Video Quality
ကို Default အနေနဲ့ သတ်မှတ်လို့ တော့ မရသေးပါဘူး။တစ်ခုမှတ်ထားရမှာက
ဝိုင်ဖိုင် ကိုအသုံးပြုနေမှသာ Video Quality ကို ပြောင်းလို့ ရမယ်လို
့ဖတ်ရပါတယ်။
0 comments:
Post a Comment