ရီးရဲလ်ဘက်တစ်အား ဂိုးပြတ်အနိုင်ရခဲ့သည့်ပွဲ၏ ပွဲချိန်မိနစ်(၂၀)တွင် ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပြီး နောက် စစ်ဆေးခဲ့ရာ ဘယ်ဘက်ဒူးကောက်ကြောကြွက်သားဆုတ်ပြဲဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရ သည်။ ထိုကြောင့် မက်ဆီအနေဖြင့် ပျောက်ကင်းသက်သာစေရန် ရက်သတ္တပတ် (၆)ပတ်မှ (၈)ပတ်အထိပင် အနားယူရတော့မည်ဖြစ်ရာ ဘာစီလိုနာအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ရပ်ဖြစ်သွားခဲ့ရသည်။ မက်ဆီ ကဲ့သို့ဘောလုံးသမားမျိုး မကစားနိုင်ခြင်းမှာ အသင်းအတွက် အလွန်အင်အားနည်းစေမည်မှန်သော်ငြား ရာနှုန်း ပြည့်ပျောက်ကင်းသည်အထိ စောင့်ဆိုင်းပြီးမှသာ ပြန်လည်ကစားစေမည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းအား ကစားဒါရိုက်တာဇူဘီဇာရက်တာက အတည်ပြုလာခဲ့ပြီဖြစ်သည်။ “ ဒဏ်ရာကြောင့် ဘောလုံးသမားတစ်ဦးမက စားနိုင်ခြင်းက မကောင်းတဲ့အရာပါပဲ။ မက်ဆီကို သေသေချာချာဂရုစိုက်ကုသပြီး (၁၀၀)ရာခိုင်နှုန်းပြန်ကောင်း လာတဲ့အထိ စောင့်ဆိုင်းသွားမှာဖြစ်ပါတယ်။ လောလောဆယ်မှာ ဘယ်အချိန်ပြန်ကစားနိုင်မယ်ဆိုတာကို ပြော လို့မရသေးပါဘူး။ အလောတကြီး ပြန်ကစားခိုင်းမှာမဟုတ်တာကတော့ အသေအချာပါပဲ”ဟု ဇူဘီဇာရတ်တာ က အတည်ပြုပေးခဲ့သည်။


credit  trend.com.mm


0 comments:

Post a Comment

 
Top