၁။ Hilary Rowland

အသက်၃၃နှစ်ရှိပြီး ကွန်ပျူတာ ပရိုဂရမ် ရေးဆွဲမှုအတတ်ပညာကို ဆရာမဲ့ လေ့လာခဲ့သူတစ်ဦးဖြစ်ပါတယ်။ eClick Interactive Inc နဲ့ NewFaces.com တို့ရဲ့ အမှုဆောင်အရာရှိချုပ်ပါ။ အဲ့ဒီ့ လုပ်ငန်းနှစ်ရပ်စလုံးကို ၁၉၉၅ခုနှစ် အသက် ၁၅နှစ်အရွယ်မှာ စတင်ခဲ့တာပါ။ အရပ် ၅ပေ ၉လက်မရှိပြီး၊ နွဲ့နောင်းသွယ်လျတဲ့ ခန္ဓာကိုယ်နဲ့ ရွှေအိုရောင် ဆံပင်တို့ကိုပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ အာဖရိက ဆင်းရဲနွမ်းပါးခြင်းကို ပပျောက်စေဖို့ သူမရဲ့ လက်ဝတ်ရတနာ ဒီဇိုင်းတွေကို ရောင်းချတဲ့ စီမံကိန်းကိုလည်း လုပ်ဆောင်နေပါတယ်။
၂။ Marissa Mayer

ကန်ဒေါ်လာ သန်း၃၀၀ ပိုင်ဆိုင်ထားပြီး Yahoo ရဲ့ သူဋ္ဌေးတစ်ဦးပါ။ အသက် ၃၇နှစ်ရှိပြီဖြစ်ပြီး ရွှေအိုရောင်ဆံပင်ပိုင်ရှင် သူဋ္ဌေးကြီးတစ်ဦး ဖြစ်ပါတယ်။ စတန်းဖို့ဒ် တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီး ယခင်က Google ကုမ္ပဏီရဲ့ အလုပ်အမှုဆောင်၊ ပြောရေးဆိုခွင့်ရှိ တစ်ဦးဖြစ်ခဲ့ပါတယ်။
၃။ Jennifer Hyman

၂၀၀၉ခုနှစ်မှာ Rent the Runway ၀ဘ်ဆိုက်ကို တည်ထောင်ခဲ့ပါတယ်။ အသက်၃၁နှစ်ရှိပြီး ဆံပင်အနက် အသားဖြူသူတစ်ဦးပါ။ ဒီဇိုင်းအလန်း ပွဲတက်ဂါဝန်တွေကို ဖန်တီးပြီး ငှားရမ်းနှုန်းကတော့ မူလဂါဝန်တန်ဖိုး နီးပါးရှိပါတယ်။
၎။ Tory Burch

အသက် ၄၆နှစ်ရှိ ဒီဇိုင်နာ တစ်ဦးဖြစ်ပါတယ်။ ပရဟိတဒါနအလှူရှင်တစ်ဦးလဲ ဖြစ်သေးရုံမျှမက စီးပွားရေး လုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ဒီဇိုင်းတွေကို Tory Burch ဆိုတဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်နဲ့ ထုတ်လုပ်ပြီး ၀င်ငွေနည်းမိသားစုတွေကို ကူညီဖို့နဲ့ အမျိုးသမီးများ စီးပွားရေး တိုးတက်မှုကို တိုးမြှင့်ဖို့ အတွက် Tory Burch ဖောင်ဒေးရှင်းကို တည်ထောင်ထားပါတယ်။
၅။ Dylan Lauren

သူဟာ ကမ္ဘာ့အကြီးဆုံး သကြားလုံး ဆိုင်ကြီး ဖြစ်တဲ့ Dylan’s Candy Bar ကိုစတင်တည်ထောင်ခဲ့သူပါ။ ယခုအခါမှာ Orlando, NewYork City, Houston နဲ့ Long Island တို့မှာလည်း ဆိုင်ခွဲတွေ ဖွင့်ထားပါတယ်။
၆။ Victoria Ransom

ဒီဆံပင်ရွှေရောင်နဲ့ အမျိုးသမီးဟာ ၂၀၀၈ခုနှစ်မှာ ခရီးသွားကုမ္ပဏီတစ်ခု ဖြစ်တဲ့ Wildfire ကို တည်ထောင်ခဲ့ပါတယ်။ ဟားဗတ် တက္ကသိုလ်ကနေ စီးပွားစီမံ မဟာဘွဲ့ကို ရရှိခဲ့ပြီး ၀န်ထမ်း ၄၀၀ကျော်နဲ့ လုပ်ငန်းကို စတင်တည်ထောင်ခဲ့ပါတယ်။ လူမှုမီဒီယာ အရောင်းဆော့ဝဲလ် တွေကိုလည်း ဖောက်သည်ကြီး တွေဖြစ်တဲ့ Pepsi, Publicis, Sony နဲ့ Unilever တို့ထံရောင်းချခဲ့ပါတယ်။ Alan Chuard ဆိုတဲ့ Wildfire ကိုတွဲဖက်တည်ထောင်ခဲ့တဲ့ သူနဲ့အတူ သူတို့ရဲ့ Wildfire ကုမ္ပဏီကို Google ထံ သန်း၂၅၀ နဲ့ ရောင်းချခဲ့ပါတယ်။
၇။ Leslei Blodgett

Bare Escentuals ဆိုတဲ့ သဘာဝဓါတ်သတ္တု မိတ်ကပ် (ကျန်းမာရေး အလှပြင်ပစ္စည်း) ကုမ္ပဏီကြီးကို တည်ထောင်သူ ဖြစ်ပြီး ယင်းလုပ်ငန်းကို ကန်ဒေါ်လာ သန်း ၁၇၀၀ ထိစီးပွားရေးတိုးတက်အောင်လုပ်နိုင် ခဲ့သူဖြစ်ပါတယ်။
၈။ Jesse Draper

အသက်၂၇နှစ်ရှိ မင်းသမီးတစ်ဦးဖြစ်ပြီး တီဗွီ အင်တာဗျူးအစီအစဉ် တင်ဆက်သူ၊ Valley Girl Talk ရှိုး တီဗွီအစီအစဉ် ဇာတ်ညွှန်းရေးဆွဲသူ စသဖြင့်လည်းအလုပ်လုပ်ပါတယ်။ တစ်ဖက်မှာလည်း Valley Girl Inc. ရဲ့ အမှုဆောင်အရာရှိချုပ် တာဝန်ကို ထမ်းဆောင်နေပါတယ်။ လော့စ်အန်ဂျလိ့စ် ပြည်နယ် ကယ်လီဖိုးနီးယား တက္ကသိုလ် မှာ ရုပ်ရှင်နဲ့ ရုပ်သံထုတ်လွှင့်မှု မေဂျာကို သင်ယူပြီးမြောက်ခဲ့သူ ဖြစ်ပါတယ်။
၉။ Tyra Banks

လော့စ်အန်ဂျလိ့စ် အခြေစိုက် ရုပ်ရှင်နဲ့ ရုပ်သံထုတ်လွှင့်ရေး ကုမ္ပဏီကြီးကို တည်ထောင်ခဲ့တဲ့ အမှုဆောင် အရာရှိချုပ် ပဲဖြစ်ပါတယ်။ အရပ် ၅ပေ ၁၀လက်မရှိပြီး နာမည်ကြီးမော်ဒယ် ဟောင်းတစ်ယောက်ပါ။ အမျိုးသမီးတွေရဲ့ ဘ၀အရည်အသွေးနဲ့ ဦးဆောင်နိုင်မှု အရည်အချင်းတွေကို မြှင့်တင်ပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ TZONE ဖောင်ဒေးရှင်းကိုလည်း ၁၉၉၉ခုနှစ် မှာ စတင်တည်ထောင်ခဲ့ပါသေးတယ်။
၁၀။ Claire Chambers

အသက်၃၂ နှစ်ရှိပြီး Journelle Lingerie ဆိုတဲ့ အမျိုးသမီး ဇိမ်ခံအတွင်းခံ ကုမ္ပဏီကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ ယခင်က စီမံခန့်ခွဲရေး အကြံပေး တစ်ဦးအနေနဲ့လည်း အလုပ်လုပ်ခဲ့ပါတယ်။ သူဟာ ဖက်ရှင် နဲ့ အတွင်းခံ လုပ်ငန်းနှစ်မျိုးကို ပေါင်းစပ်ဖို့ ကြိုးစားခဲ့ပါတယ်။ လူ့အဖွဲ့အစည်းကြီး တိုးတက်လာတာနဲ့အမျှ အမျိုးသမီးတွေကလည်း အဆင်မြင့်လာပါတယ်။ အောက်ကျို့ခြင်း၊ အမြင်၊ လူသားခြင်းစာနာမှု စတဲ့ ကဏ္ဍတွေမှာ အသိဉာဏ်ပိုမြင့်လာသလို ပိုပြီးတော့လည်း ကြီးစိုးလာကြပါတယ်။
Ref:mensxp
credit trend.com.mm

0 comments:
Post a Comment