လာမယ့်နှစ်ကျရင်
အခွန်တရားရေး ရင်ဆိုင်ရမယ့် ဘိုင်ယန်မြူးနစ်ဥက္ကဌ အူလီဟိုးနက်စ်ဟာ
ကလပ်သမိုင်း ၁၁၃ နှစ်အတွင်း စံချိန်တင်ဝင်ငွေ ရရှိခဲ့တာကြောင့်
ဝမ်းသာမျက်ရည် ကျခဲ့ပါတယ်။ အူလီဟိုးနက်စ်ဟာ ဘိုင်ယန်မြူးနစ်မှာ ကစားသမား၊
နည်းပြနဲ့အသင်းဥက္ကဌအဖြစ် နှစ်ပေါင်း ၄၀ကြာ ရှိခဲ့သူဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့ရာသီက ပေါင် ၃၃၀ အမြတ်ရ ရှိခဲ့ပြီး ၂၀၁၁-၁၂
ရာသီကထက် ပေါင်သန်း ၅၀ကျော်လောက် ထပ်မံရရှိခဲ့တာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့ရာသီက
ချန်ပီယံလိဂ်၊ ဘွန်ဒက်စ်လီဂါ၊ ပိုကယ်ဖလား ၃ လုံးကိုတစ်ရာသီအတွင်း
ဆွတ်ခူးနိုင်တဲ့ ပထမဆုံး ဂျာမနီကလပ်ဖြစ်ခဲ့တာကြောင့် စပွန်ဆာတွေ၊
ဈေးကွက်ဝင်ငွေတွေ ပိုမိုမြင့်မားစွာ ရရှိခဲ့ပြီး အမှတ်တရ အရောင်း
ပစ္စည်းတွေကိုလည်း ဈေးနှုန်းမြင့်တင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင်
ပြီးခဲ့တဲ့ရာသီက ကလပ်အဖွဲ့ဝင် ၁၉၅၆၈၉ ကနေ ၂၂၃၉၈၅ အထိ တိုးပွားလာခဲ့ကာ
လက်ရှိကမ္ဘာ့အကောင်းဆုံး ကလပ်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
0 comments:
Post a Comment