ဂျက်စတင်ဘီဘာ ဆိုရှယ်မီဒီယာသစ်တွင် ကန်ဒေါ်လာ ၁ သန်းကျော်ရင်းနှီး

Shots of Me လို့ အမည်ပေးထားတဲ့ Social Media App နဲ့ site ကို RockLive အမည်ရ ကုမ္မဏီက ဖန်တီးနေပါတယ်။ ယင်း Shots of Me လို့ခေါ်တဲ့ Social Media Network မှာ ကနေဒါဖွား - အမေရိကန် ပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာဟာ အမေရိကန်ဒေါ်လာ ၁.၁ သန်း ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရပါတယ်။ 

ဒီတော့ Shot of Me ရဲ့  ပိုင်ရှင်ထဲမှာ ဂျက်စတ်ဘီဘာလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ သူ တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ လက်ဝေ့မသား Floyd Mayweather လည်း Shot of Me မှာ ရင်းနှီးမြှုပ်နှံထားပါတယ်။ Shot of Me က ဆယ်ကျော်သက်တွေအတွက် အဓိကထား ရည်ရွယ်ပြီး ဖန်တီးထားတဲ့ Platform တစ်ခု ဖြစ်ပါတယ်။ 

လက်ရှိ Facebook, Twitter တို့ကို ယှဉ်ပြိုင်ဖို့အတွက် မဟုတ်ပဲ သီးခြား ဆယ်ကျော်သက်တို့ စုံစည်းရာ လူမှုကွန်ရက်လေး တစ်ခုဖြစ်အောင် ဖန်တီးထားခြင်း ဖြစ်တယ်လို့ ဆိုကြ ပါတယ်။ ဂျက်စတင်ဘီဘာပါ ခွဲဝေ ပိုင်ဆိုင်တဲ့ သတင်းကြောင့် Shot of Me ဟာ လူငယ်ကြားမှာတော့ အတိုင်းအတာ တစ်ခုအထိ ရေပန်းစားနိုင်တယ်လို့ ခန့်မှန်း ထားကြောင်း သိရပါတယ်။
.
Ref:mashable
အောင်ခမ်း ( smart.com.mm )
.
http://www.smart.com.mm/index.php?option=com_content&view=article&id=18621:justin-biebter-invest-in-social-media&catid=110&Itemid=640

.

Shots of Me လို့ အမည်ပေးထားတဲ့ Social Media App နဲ့ site ကို RockLive အမည်ရ ကုမ္မဏီက ဖန်တီးနေပါတယ်။ ယင်း Shots of Me လို့ခေါ်တဲ့ Social Media Network မှာ ကနေဒါဖွား - အမေရိကန် ပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာဟာ အမေရိကန်ဒေါ်လာ ၁.၁ သန်း ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရပါတယ်။

ဒီတော့ Shot of Me ရဲ့  ပိုင်ရှင်ထဲမှာ ဂျက်စတ်ဘီဘာလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ သူ တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ လက်ဝေ့မသား Floyd Mayweather လည်း Shot of Me မှာ ရင်းနှီးမြှုပ်နှံထားပါတယ်။ Shot of Me က ဆယ်ကျော်သက်တွေအတွက် အဓိကထား ရည်ရွယ်ပြီး ဖန်တီးထားတဲ့ Platform တစ်ခု ဖြစ်ပါတယ်။

လက်ရှိ Facebook, Twitter တို့ကို ယှဉ်ပြိုင်ဖို့အတွက် မဟုတ်ပဲ သီးခြား ဆယ်ကျော်သက်တို့ စုံစည်းရာ လူမှုကွန်ရက်လေး တစ်ခုဖြစ်အောင် ဖန်တီးထားခြင်း ဖြစ်တယ်လို့ ဆိုကြ ပါတယ်။ ဂျက်စတင်ဘီဘာပါ ခွဲဝေ ပိုင်ဆိုင်တဲ့ သတင်းကြောင့် Shot of Me ဟာ လူငယ်ကြားမှာတော့ အတိုင်းအတာ တစ်ခုအထိ ရေပန်းစားနိုင်တယ်လို့ ခန့်မှန်း ထားကြောင်း သိရပါတယ်။
.
Ref:mashable
အောင်ခမ်း ( smart.com.mm )


0 comments:

Post a Comment

 
Top