ကမ္ဘာ့ တန်ဖိုးအရှိဆုံး Brand ဆုကို Apple က ရယူသွားပြန်ပါပြီ။ ၂၀၁၃ ခုနှစ်ရဲ့တန်ဖိုးအရှိဆုံး Brand ဆုရရှိခဲ့တဲ့ Apple ဟာ မနှစ်ကထက် Brand တန်ဖိုး ၂၀% တက်လာပြီးတော့ ဒေါ်လာ ၁၀၄.၃ ဘီလျံနဲ့ နံပါတ် ၁ နေရာကို ထပ်မံရရှိခဲ့တာပါ။
1107-forbes-1



Apple ရဲ့အောက်မှာ ဒုတိယအနေနဲ့ Microsoft က ဒေါ်လာ ၅၆.၇ ဘီလျံနဲ့ ရပ်တည်နေပါတယ်။ ပထမ နဲ့ ဒုတိယရဲ့ Brand တန်ဖိုးက ၂ ဆနီးပါး ကွာနေတာကို တွေ့နိုင်ပါတယ်။ နံပတ် ၃ ၄ ၅ နေရာတွေမှာတော့ Coca Cola, IBM နဲ့ Google တို့က တန်းဖိုး အနည်းငယ်ကွာပြီး လိုက်လာပါတယ်
Intel နဲ့ Samsung ကလဲ Top 10 ထဲမှာ ပါဝင်ပါတယ်။ Samsung ကလဲ မနှစ်ကထက် တန်ဖိုး ၅၃% တက်လာပြီး ဒေါ်လာ ၂၉.၅ ဘီလျံ နဲ့ရပ်တည်နေတာပါ။ Google ကလဲ ၂၆% တက်လာပြီး ဒေါ်လာ ၄၇.၃ ဘီလျံ တန်ဖိုးရှိနေပါတယ်။ Top 10 မှာ ၁ နဲ့ ကျန်တာတွေနဲ့က တန်ဖိုး အရမ်းကွာနေတာပါ။
Apple က နံပါတ် ၁ ရပေမယ့် ကြော်ငြာတွေအပေါ်မှာ သုံးစွဲခဲ့တဲ့ တန်ဖိုးက Samsung နဲ့  တော်တော် ကွာနေပါတယ်။ ဒါပေမယ့် Samsung ကလဲ ရာခိုင်နှုန်းအားဖြင့် အလျင်အမြန် ထိုးတက်လာတာပါ။
ပြိုင်ဘက် Apple နဲ့ Android ကို လျှော့တွက်ခဲ့မိတဲ့ Nokia နဲ့ Blackberry တို့ကတော့ ဟိုးနောက်မှာ ကျန်ခဲ့ပါပြီ။ Nokia က အဆင့် ၇၁ နေရာရောက်နေပြီးBlackberry ကတော့ Top 100 ထဲတောင် မပါတော့ပါဘူး။
Top 10 ထဲမှာတော့ နည်းပညာ ကုမ္ဗဏီတွေ အများဆုံးပါဝင်တာကို တွေ့ရမှာပါ။ ဒီ list ကို ထုတ်ပြန်တာကတော့ Forbes မဂ္ဂဇင်းကပါ။


0 comments:

Post a Comment

 
Top