မိန်းကလေးတိုင်းရဲ့ အိပ်မက်ဖြစ်တဲ့ သွယ်သွယ်လျလျနဲ့ ကျန်းမာတဲ့ ကိုယ်ခန္ဓာ ပိုင်ဆိုင်ဖို့ ဘယ်လို စားသောက် နေထိုင် လုပ်ဆောင် ရမလဲ။
ပိန်ချင်တယ်၊
ခန္ဓာကိုယ် သွယ်သွယ် လျလျ ဖြစ်ချင်တယ် ဆိုတာ မိန်းကလေး တွေရဲ့ အိပ်မက်ပါ။
ဒါပေမယ့် ရောဂါပိန် မဖြစ်ဘဲ ရှိသင့်တဲ့ ခန္ဓာ ကိုယ် အချိုးအစားနဲ့ လှလှပပ
ဖြစ်ဖို့ကတော့ ညစာ မစားတာ၊ ပန်းသီးနဲ့ ရေပဲ စားသောက် နေတာနဲ့ တစ်သက်လုံး
ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျန်းမာစွာနဲ့ fit ဖြစ်တဲ့ ခန္ဓာကိုယ် ရဖို့
သိသင့်တဲ့ အရေးကြီးတဲ့ စားသောက် နေထိုင်နည်း တွေကို ပြောသွား ပါမယ်။

၁။ အစားအသောက် တိုင်းက သဘာဝ အစားအစာ ဖြစ်ပြီး သန့်ရှင်း လတ်ဆတ် ရပါမယ်။
အဓိက အားဖြင့်တော့ ပြန်လည် စီမံထားတဲ့ အစားအသောက်တွေ (Processed Foods) တွေမဖြစ်ဖို့က အဓိက ကျပါတယ်။ ဥပမာ အားဖြင့် ခေါက်ဆွဲ ခြောက်တွေ၊ ကြက်အူချောင်း၊ ဝက်အူချောင်း တွေနဲ့ တခြား ကြာရှည် ခံအောင် လုပ်ထားတဲ့ အစားအသောက် တွေကို ရှောင်ရမှာ ပါ။
၂။ Acid နဲ့ Alkaline အချိုး 80% နဲ့ 20% ကိုတတ်နိုင် သလောက် ထိန်းသိမ်း ထားပါ။
Acid ဆိုတာက proteins တွေ၊ starch တွေကို ဆိုလိုတာပါ။ ဥပမာ အားဖြင့် ဆိုရင် အသားဓာတ်နဲ့ ဆန်တွေ ဂျုံတွေပေါ့။ Alkaline ကတော့ အသီးအနှံ တွေနဲ့ သစ်သီး တွေပါ။ ခန္ဓာကိုယ်က စွန့်ထုတ် လိုက်တဲ့ အညစ်အကြေး အများစုက acid တွေပါ။ ဒါကြောင့် ဒီလို အညစ်အကြေး တွေကို ပြန်လည် သန့်စင်ဖို့ alkaline ဖြစ်ပေါ်စေတဲ့ အစားအစာတွေ စားသုံးပေး ရတာပါ။ နောက်ထပ် ခန္ဓာကိုယ်ရဲ့ alkaline level ကိုလွယ် လွယ်ကူကူ ထိန်းသိမ်းတဲ့ နည်းက ပုံမှန် သောက်နေကျ ရေထဲမှာ Lemon လိုမျိုး အသီးအနှံ တစ်မျိုးမျိုး ထည့်ထားပြီး သောက်သုံး ခြင်းပါ။

၃။ Be Active
လူ့ခန္ဓာကိုယ် ဆိုတာ လှုပ်လှုပ်ရှားရှား နေဖို့ တည်ဆောက် ထားတာပါ။ ဒါကြောင့် နေ့တိုင်း ကိုယ်လက်လှုပ်ရှားမှု ရှိပြီး healthy activities တွေ ရှိဖို့ ကလည်း အရေးကြီး ပါတယ်။ အားကစားရုံ သွားဖို့ အချိန်မရှိဘူး ဆိုရင်တောင် နေ့စဉ် push-ups ဖြစ်ဖြစ်၊ ထိုင်ထ လုပ်တာ ဖြစ်ဖြစ်၊ လမ်း လျှောက်ခြင်း၊ ပြေးခြင်းတို့နဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ အားကစား လုပ်တာက အသက်အရွယ် ငယ်သည် ဖြစ်စေ၊ ကြီးသည် ဖြစ်စေ ယောက်ျား၊ မိန်းမ မရွေး လိုအပ်တဲ့ အရာပါ။ TV ကြည့်နေမယ့် အစား၊ ကွန်ပြူတာ ရှေ့မှာ social networks တွေနဲ့ အချိန်ဖြုန်း နေမယ့်အစား အားကစား တစ်ခုခု လုပ်လိုက်တာက သင့်အတွက် အပျင်းလည်း ပြေစေသလို၊ အကျိုးရှိ စေမယ့် အရာပါ။
၎။ အငံနဲ့ အချိုတွေ စားတာ တတ်နိုင် သလောက် လျော့ချပေးပါ။
အဓိက အားဖြင့်တော့ ဆားအများကြီး စားတာ၊ အချိုမှုန့် သုံးတာ၊ သကြားကို Crysta Sugar သုံးတာ တွေကို တတ်နိုင် သလောက် လျော့ ချပေး သင့်ပါတယ်။ သကြားရဲ့ ပင်ကိုယ်မူလ အရောင်က အညိုရောင် သမ်းပါတယ်။ ဒါကို ပြန်လည် refined လုပ်ပြီး အခု ကျွန်တော်တို့ တွေ့ နေရတဲ့ သကြားအဖြူ (crystal sugar) ဖြစ်လာတာပါ။ Refined မလုပ်ထားတဲ့ raw sugar ကိုအစားထိုး နိုင်ရင် အကောင်းဆုံးပါ။ ဒါပေ မယ့် raw sugar ကအချို ပမာဏ နည်းလေ့ ရှိလို့ လူကြိုက်နည်း တတ်ပါတယ်။ ဒါ့အပြင် သကြားလုံးတွေ၊ ဂျယ်လီတွေ၊ whipping cream တွေ၊ ရေခဲမုန့် တွေအစား သစ်သီးဝလံတွေ အစားထိုး ခြင်းက သင့်အတွက် ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ် စေမယ့် စားသောက်မှု ပုံစံဖြစ်ပါ လိမ့်မယ်။

၅။ ရေများများ သောက်ပါ။
လူ့ခန္ဓာကိုယ်ရဲ့ ၇၀ရာခိုင်နှုန်းက ရေဓါတ်နဲ့ ဖွဲ့စည်း ထားတာပါ။ လူတစ်ဦး ကျန်းမာရေး အတွက် ရေက အဓိက ကျတဲ့ နေရာ ကနေ ပါဝင်ပါ တယ်။ အဆီကျ ဖို့ကလည်း ရေရဲ့ တာဝန် ဖြစ်သလို ခန္ဓာကိုယ်က အဆိပ် အတောက်တွေ စွန့်ထုတ် ဖို့ကလည်း ရေကပဲ လုပ်ဆောင် ရတာပါ။ ရေ သောက် နည်းခြင်းက ခုခံအား ကျဆင်းခြင်းနဲ့ အခြားရောဂါတွေ ဝင်ရောက်လာဖို့ အခွင့်အလမ်း ဖြစ်စေပါတယ်။ ရေဓါတ် အလုံအလောက် မရှိပါက သွေးပျစ်သွားပြီး blood pressure တက်လာ တတ်တာမို့ သွေးတိုးရှိ သူတွေက ပိုပြီး ရေသောက်ပေး သင့်ပါတယ်။ ဒါကြောင့် ဖြစ် နိုင်ရင် ရေကို တစ်နေ့ ၂လီတာမှ ၃လီတာ အထိ သောက်သုံး ပေးသင့် ပါတယ်။ ရေဆာလျှင် Coca Cola၊ Sprite စတဲ့ အချိုရည် တွေကို သောက်ခြင်းထက် ရေစစ်စစ်ကိုပဲ သောက်တာက အများကြီး ပိုအကျိုးရှိ ပါတယ်။
၆။ အစားအစာ မျှတအောင် စားပါ။
ဒါက အရေးကြီးဆုံးနဲ့ လူတိုင်းနီးပါး မေ့လျော့ နေတဲ့ အချက်ပါ။ အားကစား လိုက်စား တဲ့သူဖြစ်စေ၊ အားကစား မလုပ်သူ ဖြစ်စေ ဒီအချက်ကို လစ်လပ်နေတာ တွေ့ရလေ့ ရှိပါတယ်။ များသောအားဖြင့် အားကစား လုပ်လွန်းတဲ့ သူတွေ အဓိက ကတော့ bodybuilder တွေမှာကျတော့ protein မှ protein ဖြစ်နေတတ်ပြီး အသားစား လွန်းတာတွေ၊ အဆီချ ချင်သူ တွေကျတော့ ဝမှာစိုးလွန်းပြီး ညစာ ရှောင်တာ၊ မနက်စာ ရှောင် တာတွေ၊ သစ်သီးနဲ့ ရေပဲ စားသောက် တာတွေ တွေ့ရလေ့ ရှိပါတယ်။ တကယ်တမ်းမှာ ကျန်းမာ တောင့်တင်းတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်ဖို့ က ခန္ဓာကိုယ်က ဓါတ်ပေါင်းစုံ လိုအပ် ပါတယ်။ အသားဓာတ်၊ ကစီဓာတ် တွေအပြင် အဆီကိုပါ လူ့ခန္ဓာကိုယ်က လိုအပ်ပါတယ်။ အဆီဆို တာ များလွန်းရင်လည်း အလှအပ ပိုင်းမှာ ထိခိုက် စေသလို နည်းလွန်း ရင်လည်း ကျန်းမာရေး ထိခိုက် စေနိုင် ပါတယ်။ သာမန်လူ တစ်ဦးအ တွက် တစ်နေ့တာ ကယ်လိုရီ လိုအပ်ချက်ရဲ့ သုံးပုံ တစ်ပုံက အဆီကနေ လာတာပါ။ ဒါကြောင့် အဆီ လုံးဝ မရှိဘူး ဆိုရင် လူတစ်ဦး အသက် ရှင်သန် ဖို့ကို မလွယ်ကူ ပါဘူး။ လူ့ခန္ဓာကိုယ်က အဆီကို energy၊ tissue repair တွေအပြင် ဗီတာမင် A၊ D၊ E၊ K တို့သယ်ဆောင် ဖို့အတွက် လိုအပ်ပါတယ်။ ဒီနေရာမှာ အဆီဆို တာက ပဲအမျိုးမျိုး၊ ကြက်ဥ စတဲ့ သဘာဝ အစားအစာက လာတဲ့ အဆီ (Unsaturated Fats) တွေကို ဆိုလိုတာပါ။ ဒါကြောင့် နေ့စဉ် အစားအသောက် တွေမှာ အသားဓါတ်၊ ကစီဓါတ်၊ အဆီအပြင် ဗီတာမင်မျိုးစုံ ကြွယ်ဝအောင် စားသုံးပေး ဖို့ကလည်း အရေးကြီးပါတယ်။
အဆီအကြောင်း အနည်းငယ် ပြောချင်ပါတယ်။ အဆီကို အဓိက အားဖြင့် Unsaturated Fats၊ Saturated Fats နဲ့ Trans Fats ဆိုပြီး သုံးမျိုး အလွယ်တကူ ခွဲလို့ ရပါတယ်။ Unsaturated fats ကအပင် တွေက လာတဲ့ အဆီပါ။ သူက စားသုံးလို့ အန္တရာယ် မရှိတဲ့အပြင် cholesterol level ကိုထိန်းညှိ ပေးပါတယ်။ Saturated fats ကတော့ အသား၊ ဒိန်ခဲ၊ နွားနို့၊ ထောပတ် စတာတွေကနေ ရတဲ့အဆီပါ။ သူက cholesterol level ကို မြင့်စေတတ်လို့ အများအပြား စားသုံးခြင်းက သင့်အတွက် ကောင်းကျိုးထက် ဆိုးကျိုးများစေ နိုင်ပါတယ်။ Saturated fats တွေက အုန်းနို့၊ ကိတ်မုန့်တွေ၊ ရေခဲမုန့်တွေနဲ့ အခြား အချိုပွဲတွေမှာလည်း အများအပြား ပါဝင်တတ် ပါတယ်။ နောက်ဆုံး တစ်မျိုးကတော့ လုံးဝစား သောက်ခြင်း မပြုသင့်တဲ့ အဆီတစ်မျိုးဖြစ်တဲ့ Trans Fats ပါ။ သူက fast foods တွေ၊ အာလူးကြော် ထုပ်တွေနဲ့ ကွတ်ကီး တွေမှာ တွေ့ရပါ တယ်။ အလွယ် ပြောရရင်တော့ ဈေးကွက် မှာရှိတဲ့ fast foods တွေမှာ အများအပြား ပါဝင်တဲ့ အဆီတွေပါ။

၇။ အစားအစာ တွေကို ကြော်လှော်ခြင်းကို တတ်နိုင် သလောက် လျှော့ပါ။
ဆီကြော် အစားအစာ တွေက စားသောက် သင့်တဲ့ အစားအသောက် တွေထဲမှာ မပါဝင်ပါဘူး။ ဘာလို့လဲ ဆိုတော့ အပူချိန်ပြင်းပြင်းနဲ့ ကြော် လှော်နည်းတွေက အစားအစာတွေမှာ ရှိတဲ့ အာဟာရ တန်ဖိုးတွေ လျော့နည်း စေပြီး အစာခြေခြင်း လုပ်ငန်း ကိုလည်း နှောင့်နှေးစေ တတ်ပါ တယ်။ ဆီကြော် အစားအစာ တွေ စားသောက်ခြင်းက cholesterol level မြင့်တက်စေပြီး နှလုံးရောဂါ ဖြစ်စေဖို့ ကိုလည်း အားပေး ပါတယ်။
၈။ အမျှင်ဓါတ် ပါစေတဲ့ အစားအစာတွေ များများ စားပေးပါ။
အမျှင်ဓါတ် (Fiber) ပါတဲ့ အစားအစာတွေက အစာခြေခြင်းကို အထောက်အကူ ပေးပြီး cholesterol level ကိုထိန်းညှိ ပေးပါတယ်။ ပြီးတော့ မကြာခဏ ဆာလောင်ခြင်း ကိုလည်း လျော့နည်း စေတတ် တာကြောင့် အဆီချဖို့ ကြိုးစား နေသူတွေက fiber များများပါတဲ့ အစားအစာတွေ စားပေးဖို့လည်း အရေးကြီးပါတယ်။ ဘယ်လို အစားအစာ တွေမှာ fiber ပါဝင်မှု များပြားလဲဆိုတော့ ပန်းသီး၊ သစ်တော်သီး၊ broccoli နဲ့ almo nds တွေမှာ ပါဝင်မှု များပြားပါတယ်။ ဒီအချက် ကြောင့်ပဲ တစ်ချို့ အဆီချချင်သူတွေက ညစာကို သစ်သီးနဲ့ ရေပဲ သုံးဆောင်ပြီး အဆီချ ဖို့ကြိုးစားလေ့ ရှိကြတာပါ။ ဒါပေမယ့် ဒါက အမှန်ကန်ဆုံးနည်းလမ်း မဟုတ်ပါဘူး။ အိမ်မှာ TVကြည့်၊ အင်တာနက်သုံးပြီး သစ်သီးနဲ့ ရေစား သောက်ကာ အဆီချမယ့်အစား ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓါတ် အပြည့်အစုံစားသောက်ပြီး အားကစားပုံမှန်လုပ်တာက ရှေရှည်အ တွက် အကျိုးပိုရှိစေပါတယ်။ ရောဂါပိန် ပိန်သွားတဲ့ သူနဲ့ ကျန်းမာပြီး ကျစ်လစ်တဲ့ သူနဲ့က ကြည့်ကောင်းပုံခြင်း အရမ်းကွာပါတယ်။ လူတစ် ယောက် နေ့စဉ် Fiber လိုအပ်ချက်က ၂၀ ဂရမ်ကနေ ၂၅ ဂရမ်အထိ လိုအပ်ပါတယ်။
၉။ အိပ်ရေးဝဝ အိပ်ပါ။
ဒါလည်း ခန္ဓာကိုယ် အတွက် အရေးကြီးဆုံး အချက်တွေ ထဲက တစ်ခုပါပဲ။ အိပ်စက်ခြင်း ကသာ muscle recovery၊ tissue recovery နဲ့ muscle building စတဲ့ အရေးကြီးတဲ့ လုပ်ငန်း ဆောင်တာ တွေကို လုပ်ဆောင်ဖို့ အထောက်အကူ ပေးမှာပါ။ ဒါကြောင့် သာမန်လူ တစ်ဦး ဆိုရင် တစ်နေ့ကို ၆ နာရီကနေ ၇နာရီ အထိ၊ bodybuilding နဲ့ weight lifting လုပ်နေသူ တစ်ဦးဆိုရင် ၈နာရီ အထိ အိပ်စက် ပေးဖို့က လည်း အရေးကြီး ပါတယ်။

Images from abovethecrowd, sisoft.com, healthyagingcode, cornwallsportspartnership, blog.codyapp. Source: bodybuilding.com, netdoctor.co.uk, webmd.com
0 comments:
Post a Comment