iOS 7 သုံး iPhone/Pad/Pod
touch များကို Jailbreak လုပ်စရာမလိုဘဲ မြန်မာစာထည့်သွင်းနိုင်မယ့်
နည်းလမ်းကို ၄.၁၁.၂၀၁၃ ရက်နေ့မှာ iOS Developer ကိုသန့်သက်က
ထုတ်ဝေပေးခဲ့ပါတယ်။ ဒီနည်းလမ်းမှာ iOS ရဲ့ app တွေ function
တွေအားလုံးနီးပါးကို မြန်မာစာမြင်ရသွားပေမယ့် iOS 7 ရဲ့ Safari Browser
မှာတော့ မြန်မာစာမပေါ်သေးပါဘူး ။ အခုတော့ iOS 7 ရဲ့ Safari Browser
မှာမြန်မာစာပေါ်အောင်လုပ်နည်း ကို Developer ကိုထိန်လင်းရွှေက
လုပ်ဆောင်ပြသထားပါတယ်။အောက်မှာဆက်လက်ဖတ်ရှုရအောင်။
၁။ iOS Safari က
![](http://d.pr/i/LOJP+)
ကို နှိပ်ပြီးတော့ Bookmark
![](http://d.pr/i/ymnH+)
ကို နှိပ်ပါ။
၂။ Location ကို Bookmarks ပြောင်းပါ။ ပြီးရင် save လုပ်လိုက်ပါ။
![](http://d.pr/i/H0VZ+)
၃။ iOS Safari က
![](http://d.pr/i/IqyC+)
Bookmark ကို နှိပ်ပါ။
၎။ Edit ကို နှိပ်ပါ။
၅။ Zawgyi Force ကို နှိပ်ပါ
၆။ Address နေရာမှာ အောက်က စာတွေ copy ကူးပြီး replace လုပ်လိုက်ပါ။
အောက်က ပုံလို မျိုး javascript: နဲ့ စတာလေး ဖြစ်နေရပါမယ်။
![](http://d.pr/i/BnyF+)
၇။ Save လုပ်လိုက်ပါ။ ဒါဆိုရင် Zawgyi Force Bookmark ရပါပြီ။ မြန်မာစာ မမြင်ရတဲ့ website မှာ
![](http://d.pr/i/IqyC+)
bookmark ကို ဖွင့်ပြီးတော့ zawgyi force ကို နှိပ်လိုက်ရင် ရပါပြီ။
Video Tutorial အနေဖြင့်အောက်မှာကြည့်ရှု့ နိုင်ပါသည်။
credit myanmarmobileapp.com
0 comments:
Post a Comment