Pages

Pages

Pages

Monday, November 18, 2013

Mr.Bean သေဆုံးပြီဆိုသည်နှင့် ပတ်သက်၍……




Mr.Beanသေဆုံးပြီ၊ သေကြောင်းကြံသွားပြီ၊ Johnny English ဇာတ်ကား အပိုင်း(၃) ရိုက်ကူးခွင့်မရတော့တဲ့အတွက် ဘ၀ကြီးကို လက်မြှောက်အရှုံးပေးသွားပြီ၊ အမျိုးမျိုး သတင်းတွေထွက်နေပါတယ်။ အဓိကကတော့ Hoaxဆိုတဲ့ စကားလုံးကို သတိထားစေချင်တယ်။ ခေါင်းပိုင်းမှာလည်း ခေါင်းတစ်လုံးနဲ့တစ်ယောက်၊ ဖင်ပိုင်းကျတော့လည်း ခေါင်းတစ်လုံးနဲ့တစ်ယောက် အမွှာတွေဆိုတဲ့ Hoaxပုံတွေလိုပေါ့ဗျာ။ Hoaxဆိုတာက လှိမ့်လုံး၊ လှည့်ကွက်ပါ။ အမှန်တွေမဟုတ်ပါဘူး။
Mr. Beanနဲ့ပတ်သက်ပြီး facebookမှာ ခေတ်စားနေတဲ့ Hoax တွေကတော့


Facebookမှာ တက်လာတဲ့ Mr.Bean(Rowan Atkinson) သေကြောင်းကြံသွားပြီ၊ ရိုက်ကွင်းပေါ်မှာ လူတစ်ယောက် အသက်ကိုကယ်ဖို့လုပ်တုန်း သေသွားပြီ စတဲ့သတင်းတွေက အမှားတွေပါ။ ရိုက်စားဂွင်တွေပေါ့ဗျာ။
အဲ့ဒီ့ Linkတွေက တဆင့် Facebook app ဆိုးတွေကို connect လုပ်မယ်၊ userတွေရဲ့ profile အချက်အလက်တွေနဲ့ ကိုယ်စား postလုပ်ခွင့် permissionတောင်းမယ်။ တောင်းတဲ့ Permissionတွေကို grant (ခွင့်ပြု) လိုက်မယ်ဆိုရင်တော့ အဲ့ဒီ့ postတွေက friendတွေရဲ့ timelineတွေပေါ်မှာ ဆက်ပွားကုန်မယ်။
အဲ့ဒီ့ Linkတွေပေါ်မှာ Clickသွားမနှိပ်မိပါစေနဲ့။ သင့်ရဲ့ Timelineပေါ်မှာပေါ်လာခဲ့ရင်လည်း တခြားသူတွေ နားလည်မှုမလွဲရလေအောင် deleteသာလုပ်လိုက်ပါ။
Ref:about
credit  trend.com.mm






No comments:

Post a Comment