ပုံမှာ မြင်တွေ့နေရတဲ့ကားက Ram ဖြစ်ပါတယ်ဆိုရင် ယုံမယ့်သူ နည်းပါလိ့မ်မယ်။ သို့ပေမယ့် အဲဒါ တကယ့် Ram pickup အစစ် ဖြစ်ပါတယ်။ ထုတ်လုပ်နေကျ RAM Pickup နဲ့မတူတော့ပဲ တစ်မူထူးခြား ပြီး အရွယ်ကြီးလာတာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အမေရိကန် RAM ကုမ္မဏီဟာ Pickup နဲ့SUV လိုင်းသီးသန့်ထုတ်လုပ် လို့အောင်မြင်နေတဲ့ကုမ္မဏီ ဖြစ်ပါတယ်။ ကားရဲ့ဈေးနှုန်းအရရော၊ စွမ်းဆောင်ရည်အရကောင်း ကောင်းမွန်တာကြောင့် ကမ္ဘာ့လူကြိုက်များ Pickup ပါပဲ။ သို့ပေမယ့် အားပေးမှု အများဆုံး ကတော့အမေရိကန်နဲ့ဥရောပ နိုင်ငံများသာ ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ကားကို Ram sun chaster လို့အမည်ပေး ထားပါတယ်။ ထုတ်လုပ်နေကျ Ram 1500 ကိုပဲ အခြေခံလို့ပြန်လည် တည်ဆောက်ထားတဲ့ကား ဖြစ်ပါတယ်။ အရွယ်လည်း ပိုကြီးလာပါတယ်။ အင်ဂျင်လည်း ပိုကြီးလာပါတယ်။ အင်ဂျင်အရွယ် ၅.ရ လီတာ ရှိပြီး Heim V ဆလင်ဒါ ၈ လုံးပူး အမျိုးအစားကို အသုံးပြု ထားပါတယ်။ တာဘိုချာဂျာ မတပ်ဆင်ထားပါဘူး။ သို့ပေမယ့် မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှုက ၅၅ဝ အထက်မှာ ရှိမှာ ဖြစ်ပါတယ်။

ခရီးသည် လေးယောက် လိုက်ပါ စီးနင်းနိုင်ပြီး နောက်မှာ ကာဂိုရွန်ကျယ် ကျယ်ဝန်းဝန်း ပါရှိ ပါတယ်။ ဂီယာ ရ ချက်ထိုး ရိုးရိုး ကို အသုံးပြု ထားပါ တယ်။ လေးဘီးမောင်း စနစ် Pickup ဖြစ်ပြီး SEMA မှာ ဝင်ရောက်ပြ သလျက် ရှိပါတယ်။ Ram Sun Chaser ကို ၂ဝ၁၄ နှစ် လယ်လောက်မှာ စတင်ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref:autoblog
ColayAutomobile

0 comments:

Post a Comment

 
Top