Pages

Pages

Pages

Monday, November 18, 2013

ဗန်ဒိန်း ကိုယ်တိုင် သရုပ်ဆောင်တဲ့ Volvo ကားကြီး ကြော်ငြာ

ဟောလိဝုဒ်က အောင်မြင်ကြော်ကြား မင်းသားကြီး ဗန်ဒိန်းကို မြန်မာပြည်က လူအတော်များများ သိကြ ပါတယ်။ အက်ရှင်ဇာတ်ကားတွေ တစ်ချိန်တုန်း က ရေပန်းစားခဲ့ပြီး ယနေ့တော့ ဇာတ်ကား အရိုက် နည်းနည်း ကြဲလာတဲ့ မင်းသား ဖြစ်ပါတယ်။

သို့ပေမယ့် သူ့ပရိတ်သတ်က ကမ္ဘာအနှံ့မှာ ရှိနေဆဲ ပါပဲ။ ဒီတော့ ဆွီဒင်နိုင်ငံ က Volvo လို ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်ရေး ကုမ္မဏီက သူ့ကို ငှားရမ်းပြီး ကြော်ငြာရိုက်တာ မဆန်းပါဘူး။ သို့ပေမယ့် ဆန်းပြားတဲ့ အိုင်ဒီယာ နဲ့ ရိုက်ကူးထားတဲ့ ကြော်ငြာကတော့ ကြည့်ရှုသူတွေကို အင်မတန် စွဲဆောင်နိုင်စေခဲ့ ပါတယ်။ Volvo ထုတ် ကားကြီး Truck တွေမှာ ပါဝင်တဲ့ နည်းပညာ တစ်ခုကို ပြသ သွားတာပါ။ Stability လို့ခေါ်တဲ့ ကားရဲ့  တည်ငြိမ်မှုအတွက် ထောက်ပံ့ထားတဲ့ နည်းပညာကို ပြသလိုတဲ့ အတွက် ရွှေရောင် Volvo Truck ၂ စီးကြား ပေါင်ခွ စီးနေတဲ့ ဂျင်းကလု ဗန်ဒိန်းကို မြင်တွေ့ ရမှာပါ။ Enya ရဲ့  Where the road goes စာသားပါတဲ့ သီချင်း နဲ့ ရိုက်ပြ ထားတော့ အင်မတန် စွဲဆောင်မှု ရှိပါတယ်။

ထရက်ကား ၂ စီးကြား အသက်စွန့်ပြီး ခေါင်မိုးပေါ်ကနေ ခွဲစီးမယ့် စတန့်မျိုး ကို သာမန် မင်းသားငယ်တောင် လုပ် နိုင်မှာ မဟုတ်ပါဘူး။ သို့ပေမယ့် ဗန်ဒိန်းက လက်တွေ့ ရိုက်ကူး ပြသ သွားပါတယ်။ ဗီဒီယိုကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://youtu.be/M7FIvfx5J10

Aung Kham ( ColayAutomobile )

No comments:

Post a Comment