Gigabyte ကထုတ်တဲ့  Brix II  ဂိမ်းစက်

======================
ခွန်နေ(AMMG)

အရွယ်အစားသေးတဲ့ Birx Gaming PC ဂိမ်းစက်သေးသေးလေးလို့ ဆိုရမှာပါ။အရွယ်အစားသေးတယ်ဆိုပေမယ့် လုပ်ဆောင်ပေးနိုင်မယ့် စွမ်း
ဆောင်ရည်က မနိမ့်ပါဘူး။

Nvidia’s GeForce GT 650M discrete graphics chip ပါဝင်သလို သူ့ကိုချိတ်ဆက်နိုင်ဖို့ 4 USB 3.0 ports, HDMI, Ethernet, Bluetooth 4.0, built-in WiFi နဲ့ headphone jack စတာတွေကိုပါ တွဲဖက် အသုံးပြုနိုင် ပါတယ်။

ဒါပေမယ့် အဆိုပါစက်ကို ဝယ်ယူမယ်ဆိုရင် သင့်ဆီမှာ သူ့ကိုထောက် ပံ့ပေးနိုင်တဲ့ RAM,Hard Drive နဲ့ Operating System ရှိဖို့တော့ လိုအပ်ပါလိမ့်မယ်။

၎.၅ လက်အမရွယ်အစားသာရှိတဲ့ အတွက် ဘယ်သွားသွားသယ်သွားလို့ရ မယ့်ဂိမ်းစက်ဆိုတာ သံသယ ရှိဖို့တော့ လိုမယ်မထင်ပါဘူး။

လူတိုင်းမျက်စိကျမယ့် Birx Gaming PC ဆိုပေမယ့် ဈေးနှုန်းက အမေရိကန် ဒေါ်လာ ၅၀၀ ဖြစ်နေတာက လူတိုင်းလက်တွန့်မယ့် အနေအထားပါ။ 

လာမယ့် ဒီဇင်ဘာလ ဈေးကွက်အတွင်းဖြန့်ချိပေးပါလိမ့်မယ်။

ref:egadget

0 comments:

Post a Comment

Top