Home
»
IT News
»
ဆက်သွယ်ရေးလုပ်ငန်းနည်းဗျူဟာကို Telenor နဲ့ Ooredoo တို့ အတူတကွဖော်ဆောင်မည်
မိုဘိုင်းလ်အော်ပရေတာအဖြစ်
အရွေးချယ်ခံထားရပြီးဖြစ်သော နော်ဝေနိုင်ငံအခြေစိုက် Telenor Group နှင့်
ကာတာနိုင်ငံအခြေစိုက် Ooredoo ကုမ္ပဏီတို့သည်
ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းဆောင် ရွက်မှုနည်းဗျူဟာအပိုင်းတွင် အတူတကွဖော်ဆောင်သွားမည်ဖြစ်ကြော င်း Ooredoo Myanmar ၏ CEO Mr. Ross Cormack က Myanmar Connect 2013 တွင်ပြောကြားခဲ့သည်။ နေပြည်တော်တွင် ကျင်းပခဲ့သော Myanmar Connect 2013 တွင် ဆက်သွယ်ရေးကဏ္ဍ၀န်ဆောင်မှုပေးသူများ၊ ထုတ်လုပ်သူများ၊ နည်းပညာထိန်းချုပ်သူများ၊ မဟာဗျူဟာပညာရှင်များ၊ ဈေးကွက်သုံးသပ်ရေးပုဂ္ဂိုလ်များ နှင့် အစိုးရဌာနအသီးသီးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။ Ooredoo သည် မိုဘိုင်းလ်ဖုန်းကတ်များကို အများပြည်သူအံ့သြလောက်သည့်ဈေးနှုန်းများဖြင့်
ထုတ်ပေးသွားမည်ဖြစ်ကာ လမ်းဘေးဆိုင်လေးများတွင်ပါ
လွတ်လပ်စွာဝယ်ယူရရှိနိုင်စေရန် စီစဉ်ပေးသွားမည်ဟု သိရသည်။ ၅ နှစ်တာ
ကာလအတွင်း ဆက်သွယ်ရေးဒေတာကွန်ရက် ၅၀ ရာခိုင်နှုန်းနှင့် အသံကွန်ရက် ၇၅
ရာခိုင်နှုန်းဖြစ်လာစေရန် ဆောင်ရွက်ရာတွင် Telenor နှင့် နည်းဗျူတာကျကျ
အတူတကွဖော်ဆောင်မည်ဟု သိရသည်။ လက်ရှိတွင် ပြည်တွင်းမှ ဆက်သွယ်ရေးအော်ပရေတာတင်ဒါအောင်ထားသော
မြန်မာတယ်လီကွန်းကုမ္ပဏီ (ယခင် MPT) နှင့် ရတနာပုံတယ်လီပို့ တို့ရှိပြီး
ပြည်ပကုမ္ပဏီအနေဖြင့် Telenor နှင့် Ooredoo တို့က ရပ်တည်နေကြသည်။
ပုံစာ- Telenor Myanmar CEO Mr. Petter Furberg နှင့် Ooredoo Myanmar CEO
Mr. Ross Cormack တို့ကို အတူတွေ့ရစဉ် ( Photo Credit : Smart Pro
Technology Journal )
Top
0 comments:
Post a Comment