၂ဝ၁၄ မော်ဒယ် ဂျပန် Honda မှ ထုတ်လုပ်တဲ့Honda Accord Hybrid ကားရဲ့ဈေးနှုန်းကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၂၉၁၅၅ ကစလို့Base Price သတ်မှတ်ထားပြီး Feature အစုံအလင် အပြီးအစီးကို အမေရိကန်ဒေါ်လာ ၃သောင်းခွဲ ဝန်းကျင်အထိ ကုန်ကျမှာ ဖြစ်ကြောင်း သိရပါတယ်။ 

ဇိမ်ခံဆလွန်းပုံစံ ဖြစ်အောင် ဖန်တီးထားပါတယ်။ ဒါကြောင့် ဥရောပနဲ့အမေရိကန် ဆလွန်းများထပ် စာရင် ဈေးနှုန်းသက်သာတာကတော့အမှန်ပါပဲ။ ၂ဝ၁၄ မော်ဒယ်မှာ ထူးခြားချက်အနေနဲ့ဟိုင်းဘရစ် ဗားရှင်း ထုတ်လုပ် လိုက်ခြင်း ဖြစ်ပါတယ်။ အင်ဂျင်အရွယ် ၂ဝဝဝ စီစီကို ဘက်ထရီ မော်တာနဲ့ပြန်လည်ပေါင်းစပ်ထား ခြင်း ဖြစ်ပါတယ်။ ဆီစား အင်မတန် သက်သာတဲ့ကားပါ။ လက်တွေ့စမ်းသပ်ချက်များအရ ဆီစားနှုန်း မိုင် ၅ဝ ကို တစ်ဂါလံသာ ရှိကြောင်း ဆိုပါတယ်။ ဒါဆိုရင် Fuel Economy အတွက် ရွေးချယ်ဖို့သင့်တော်တဲ့ကားပါ။

အဓိက ပြိုင်ဘက် ဖြစ်လာမှာကတော့Toyota ရဲ့Lexus hybrid ဆလွန်းနဲ့အမေရိကန် Ford ရဲ့ဟိုင်းဘရစ် ကားများ ဖြစ်ပါတယ်။ ၂ဝ၁၄ မော်ဒယ်ကို ၂ဝ၁၃ နှစ်မကုန်ခင်အတွင်း စတင်ရောင်းချသွားမှာ ဖြစ်ပြီး အော်ဒါမှာယူ နိုင်ပြီ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: autoblog

0 comments:

Post a Comment

 
Top