BMW i3 လျှပ်စစ်ကားကို စတင်ဖြန့်ချိရောင်းချပြီ ဖြစ်ကြောင်း သိရပါတယ်။ ဥရောပနဲ့အမေရိကန်က တိုက်ရိုက်မှာယူသူများကို ပို့ပေးနေပြီ ဖြစ်ပါတယ်။

ဈေးနှုန်းကတော့အမေရိကန်ဒေါ်လာ ၄၁၃၅ဝ ဖြစ်ပါတယ်။ လအနည်းငယ် တွင်းမှာပဲ အမေရိကန်ကို အစီးရေ အမြောက်အများတင်ပို့လို့ရောင်းချတော့မှာ ဖြစ်ပါတယ်။ BMW i3 ကိုမိတ်ဆက်ပြသပေးခဲ့တာ ၁ နှစ်မကတော့ပါဘူး။ သို့ပေမယ့် အမှန်တကယ် ကောင်းရောက်ရှိလာမှုကတော့ယခုမှာ ဖြစ်ပါတယ်။ တစ်စီးလုံး အလူမီနီယံ ကိုယ်ထည်နဲ့ပြုလုပ်ထားတဲ့BMW i3 က ဆူဇူကီး ဆွစ်ဖ် ဂျပန်ကားတို့နဲ့တောင် အရွယ်နဲ့ပုံစံ သိပ်မကွာပါဘူး။

လစ်သီယမ် ဘက်ထရီက ၂၂ ကီလိုဝပ်အား ထုတ်လုပ်ပေးနိုင်ပြီး အားအပြည့်သွင်းထားရင် မိုင် ၁ဝဝ မောင်းနှင်နိုင်မှာ ဖြစ်ပါ တယ်။ နောက်ထပ် အားအပြည့်ပြန်သွင်းဖို့အတွက် ပုံမှန်ဆိုရင် ၃ နာရီ ကြာပေမယ့် Fast Charing ကိုရွေးရင် နာရီဝက်အတွင်းတောင် ၈ဝ ရာခိုင်နှုန်း အားပြည့်စေတယ်လို့ဆိုပါတယ်။ အမြန်ဆုံး မောင်းနှင် နိုင်မယ့် Top Speed ကတော့တစ်နာရီ မိုင် ၉ဝ ပါ။ မြန်ဆန်ဖို့အတွက် မဟုတ်ပဲ မြို့တွင်းမှာ အေးအေး လူလူမောင်းနှင်ဖို့အတွက်ရည်ရွယ်တဲ့ကား ဖြစ်ပါတယ်။

BMW မှ ထပ်မံပေးစွမ်းတဲ့Option တစ်ခု ရှိပါသေးတယ်။ ယင်းကတော့အင်ဂျင်တပ်ဆင်မှု ဖြစ်ပါတယ်။ သို့ပေမယ့် ယင်းအတွက်က ငွေနောက်ထပ် ထပ်မံကုန်ကျမှာပါ။ ၆၅ဝ စီစီ အရွယ်ရှိတဲ့ဆလင်ဒါ ၂ လုံပူး ဂျနရေတာ ထပ်မံ တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။ သူကတော့မြင်းကောင်ရေအား ထုတ်လုပ်မှု ၃၄ ရှိပါတယ်။ ပုံမှန် လစ်သီယံ ဘက်ထရီရဲ့မြင်းကောင်ရေ အားထုတ်လုပ်မှုက ၁၇ဝ ပါ။ ဒါကြောင့် ဘက်ထရီတော်တော် ကောင်းတဲ့လျှပ်စစ်ကားပဲ ဖြစ်ပါတယ်။

လက်ရှိ ပေါ်နေတဲ့ဟိုင်းဘရစ်နည်းပညာကားတွေမှာ ဘက်ထရီသီးသန့် က ပေးနိုင်တဲ့ပါဝါနဲ့လည်ကိန်းက လက်ရှိ BMW i3 လောက်မရှိပါဘူး။ သူက လျှပ်စစ်ကား ဖြစ်ဖို့သီးသန့်ရည်ရွယ်တဲ့အတွက် ယခုလို များရခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် လျှပ်စစ်ပြိုင်ကား ဖြစ်တဲ့Fisker Karma နဲ့Telsa Model S တို့လောက်ကျလည်း စွမ်းဆောင်ရည် မမြင့်ပါဘူး။ သူတို့ကျ ပြိုင်ကားဖြစ်ဖို့ရည်ရွယ်တဲ့အတွက် ဘက်ထရီ လည်းကြီး၊ မြင်းကောင်ရေအားလည်း ပိုများပါတယ်။

လက်ရှိ BMW i3 က ၂၂ ကီလိုဝပ်အား၊ အလေးချိန် ပေါင် ၄၅ဝ ရှိတဲ့လစ်သီယမ် အိုင်းအွန်း ဘက်ထရီး ကိုသာ အသုံးပြုထားခြင်း ဖြစ်ပါတယ်။ အားပြန်ဖြည့်တဲ့အခါ Normal Charge, Fast Charge ၂ မျိုးခွဲထားပြီး ခရီးဝေး သွားချင်သူများအတွက်တောင် ရည်ရွယ်ထားခြင်းလို့ဆိုပါတယ်။

ပေါ့လည်းပေါ့ပါးရမယ်၊ မြန်မြန်လည်းသွားနိုင်ရမယ်။ ဆီလည်း မစားဘူး။ ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိဘူး အစရှိတဲ့အကြောင်းပြချက်များကို ဦးတည်လို့ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ခရီးသည် လေးဦး ဆံ့ပြီး နောက်မှာ ခရီးအိတ်များ ထည့်ဖို့Hatch back လည်း ပါဝင်ပါတယ်။ ကားရဲ့လက်ရှိ စုစုပေါင်း အလေးချိန်က ပေါင် ၂၇ဝဝ ပါ။ အလေးချိန် သိပ်မရှိတဲ့ကား ဖြစ်ပါတယ်။

ကာလတန်ဖိုးအားဖြင့် လက်ရှိ ၄သောင်း ၁ ထောင်ကျော်ပဲ သတ်မှတ်ထားမှုက စစချင်း ဖြန့်ချိမှုကြောင့်ပါ။ BMW i3 ဟာ နောက်ပိုင်း ကာလဒေသအလိုက် အမေရိကန်ဒေါ်လာ ၄ သောင်းခွဲလောက် အထိ ပေါက်ဈေးရှိသွားနိုင်မယ့် ဂျာမနီ BMW ရဲ့လျှပ်စစ်ကားငယ်လေး တစ်စီး ဖြစ်ကြောင်း သိရပါတယ်။
.
Ref: autoblog

0 comments:

Post a Comment

 
Top