iOS 7 ရဲ့နောက်ထပ်ထွက်ရှိလာမည့် ဗားရှင်းသစ်သည် ရေစိုခံနိုင်စွမ်း
ရှိမည်ဖြစ်ကြောင်း အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ Sky News သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ ထိုသို့ရေစိုခံနိုင်ခြင်းမှာ Apple ad ကြောင့်ဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ ဒီအချက်ကတော့ iPhone အသုံးပြုသူတွေကို အံ့အားသင့်စေချင်တဲ့ Apple ရဲ့ လှည့်ကွက်တစ်ခုလို့ ဆိုနိုင်တယ်။

iOS 7 ကို Update လုပ်ရုံနဲ့ ဘယ်လိုကြောင့် ဖုန်းက ရေစိုခံနိုင် သွားလဲ? မေးခွန်းထုတ်စရာပါ။ ရေခဲတုံးတစ်တုံးကို ကတ္ထူစက္ကူ တစ်ခုထဲ ထည့်လိုက်ရင် ရေခဲရေတွေကို အောက်ကိုပေါက်မကျအောင် ကတ္ထူစက္ကူက အချိန်အတိုင်းအတာ တစ်ခုထိတော့ ထိန်းထားနိုင်မှာပါ။ ဒီလိုပါပဲ iOS 7 Update က ဖုန်းကိုရေစိမ်မခံနိုင်ပေမယ့် ရေဝင်မှုကြန့် ကြာအောက်ထိန်းထားနိုင်ပါတယ်။

သင့်ဖုန်းရေအောက်ထဲကျသွားရင် Apple ad ကဖုန်းရဲ့ ပါဝါထောက်ပံ့ မှုအားလုံးကို ဖြတ်တောက်လိုက်မှာပါ။ ဖုန်းမှာ ဝါပါစီးဆင်းမှု မရှိတော့ဘူး ဆိုရင် ဖုန်း Circuit တွေ ပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ အချိန်အကြာကြီး ရေစိုခံနိုင်တာတော့ မဟုတ်ပါဘူး။

ဒီသတင်းနဲ့ပတ်သက်ပြီး Twitter မှာ အမျိုးမျိုးပြောဆိုနေကြပါတယ်။ လက်ခံသူလည်း ရှိသလို လက်မခံသူတွေလည်း ရှိနေပါတယ်။
မေသဇင်

0 comments:

Post a Comment

 
Top