လတ်တလောမှာ ထွက်လာတဲ့ iPhone 5S ရဲ့ ဈေးနှုန်းက ဒေါ်လာ ၆၄၉ ပဲရှိပါတယ်။ 16 GB unlocked model ပေါ့။ အရောင်က အဖြူရယ်၊ အမဲနဲ့ ခဲဖောက်ထားတဲ့အရောင်ရယ်၊ ရွှေရောင်ရယ် ၃ မျိုးရှိပါတယ်။ ၃ မျိုးလုံး ဒီဈေးပါပဲ။

ဒါပေမယ့် ဒီတစ်ပတ်ထဲ အွန်လိုင်းအရောင်းအဝယ် ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ eBay မှာ ရွှေရောင် iPhone 5S ကို ဒေါ်လာ ၁၀၀၀၀ နဲ့ ရောင်းချခဲ့ရတယ်လို့ သိရတယ်။ အဲဒီ iPhone 5S အတွက် ကမ်းလှမ်းသူ ၅၁ ခုတောင်ရှိတာကလည်း အံ့သြစရာပဲ။

အရင် တုံးကဆိုရင်တော့24K ရှိတဲ့ iPhone 5 ကိုတောင်မှ ဒေါ်လာ ၄၀၀၀ ကျော်နဲ့ပဲရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

0 comments:

Post a Comment

 
Top