လွန်ခဲ့တဲ့၂ နှစ်က လည်း Lamborghini Aventador တစ်စီးကို အတွင်းခန်း အားလုံး ရွှေနဲ့သွန်းလောင်းပြီး ကန်ဒေါ်လာ ၄.ရ သန်းနဲ့ကမ္ဘာ့ဈေး အကြီးဆုံး ကားမော်ဒယ် တစ်ခု အဖြစ် စံချိန်တင်ခဲ့ပါတယ်။ Robert Gulpen အမည်ရ ပုဂ္ဂိုလ်က ဖန်တီးခဲ့တာပါ။ ယခုလည်း နောက်တစ်စီးကို သူပဲ ဖန်တီးထားပါတယ်။

အတွင်းမှာ မဟုတ်တော့ပဲ အပြင်အသားကို ရွှေနဲ့ဖန်တီးပြီး ကမ္ဘာ့ဈေး အကြီးဆုံး ကား အဖြစ် ပြန်လည် စံချိန် တင်ပါတယ်။ အမေရိကန်ဒေါ်လာ ၇.၅ သန်း ကုန်ကျမှာ ဖြစ်ပါတယ်။ ကာဘွန်ဖိုက်ဘာ ဘော်ဒါပေါ်မှာ ရွှေ အလွှာ ပါးပါးလေး ပြန်လည်ဖုံးအုပ်ထားခြင်း ဖြစ်ပြီး ကျန်တာကတော့Lamborghini ပြိုင်ကား ပစ္စည်းပါပဲ။ သို့ပေမယ့် ပြင်ဆင် ထည့်သွင်းဖို့အတွက် ရွှေတန်ဖိုး ကန်ဒေါ်လာ ၂.၆ သန်းတောင် ရင်းနှီး ထားပါတယ်။ အသေးစိတ် ကျကျ ပြန်လည် ဖန်တီးပေးမှုကြောင့် ကားဈေးနှုန်း ပြန် လည်မြင့်တက် ရခြင်း ဖြစ်ပါတယ်။

အပူချိန်ကြောင့် အပြင်က ရွှေသားမပျက်ဆီးသွားအောင်လည်း အဆင့်မြင့် နည်းပညာ များကို အသုံးပြု ထားပါတယ်။ ကားကိုလည်း Robert Gulpen လို့ပဲ အမည်ပေးထားပါတယ်။ ကားလေလံဈေးကွက်သို တင်သွင်း ရောင်းချ မယ့် ရွှေ Lamborghini Aventador ကို ယခုလို မြင်တွေ့ရပါတယ်။
.
Ref: autoblog
ColayAutomobile

0 comments:

Post a Comment

 
Top