Chevrolet Corvette အမည်နဲ့ ကားအမျိုးမျိုး ထုတ်လုပ် ပေမယ့် တစ်နှစ်ပြီး တစ်နှစ် C1, C2, C3 ဆိုပြီး ဆက်စပ် ထုတ်လုပ်ပါတယ်။ ၂၀၁၄ အတွက် ပြင်ဆင်ထားတဲ့ ကားကတော့ C7 ပဲ ဖြစ်ပါတယ်။

အင်ဂျင်ပါဝါ ၆၂၀၀စီစီ တံခါး နှစ်ပေါက် နှစ်ယောက်စီး ပြိုင်ကား ဖြစ်ပြီး ဂီယာ ၆ချက် အော်တိုနဲ့ ဂီယာ ၇ချက် ရိုးရိုး နှစ်မျိုး ခွဲထုတ်ပါတယ်။

FMR layout နဲ့တည်ဆောက်ပြီး ကာဘွန်ဖိုက်ဘာ ဘော်ဒီ ဖရိန်ကြောင့် ပေါ့ပေါ့ပါပါးနဲ့ ပြေးမယ့် ကားပဲ ဖြစ်ပါတယ်။ General Motor ကပဲ ထုတ်တဲ့ LT1 အင်ဂျင်ကိုပဲ အသုံးပြု ထားပါတယ်။ ဒါကြောင့် Top speed ကလည်း တစ်နာရီ မိုင် ၂၀၀ ဝန်းကျင်ကို ရောက်ရှိ စေပါတယ်။

၂၀၁၃ ခုနှစ် နှစ်လယ် နှောင်းပိုင်းက စလို့ စတင် ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

--
Ref: autoblog
--

0 comments:

Post a Comment

 
Top