Adfly ကို May 2009 က စတင်ဖွင့်ခဲ့တာဖြစ်ပြီး ဆိုဒ်ရဲ့ ပိုင်ရှင် က United Kingdom မှ Ian Donovan ဖြစ်ပါတယ်. ဆိုဒ်ရဲ့ သက်တမ်းဟာ လက်ရှိ post တင်တဲ့အချိန် ထိဆိုရင် စုစုပေါင်း 4 နှစ် 5 လ 29 ရက် ကြာမြင့်သွားပြီဖြစ်တဲ့ သက်တမ်းရင့် URL shorten-er service တခု ဖြစ်ပါတယ်. လက်ရှိအချိန် မှာ members တွေကို သူတို့ရဲ့ Payout policy အတိုင်းပေးနေသလို အရင်တုန်းကလဲ နာမည်ပျက်မရှိခဲ့တဲ့ ဆိုဒ်တခု ဖြစ်တာကြောင့် အွန်လိုင်းမှာ ငွေရှာတဲ့ သူတွေ အတွက် လက်မလွက်သင့်တဲ့ ဆိုဒ်တခုပါ. မြန်မာပြည် မှာ လူတော်တော်များကတော့ adfly နဲ့ရင်းနှီးပြီးသာ ဖြစ်မယ်လို့လဲထင်ပါတယ်.

Paypal နဲ့ Payoneer တို့ကို support လုပ်ထားပြီး Paypal အတွက်ကတော့ သင့်ရဲ့ အကောင့် ထဲမှာ အနည်းဆုံး $5.00 ရှိတာနဲ့ လတိုင်းရဲ့ 1st Monday မှာ Auto ပေးတာ ဖြစ်ပြီး Payoneer ကတော့ အနည်းဆုံး $10.00 ပါ.

Adf.ly နဲ့ ငွေရှာတော့မယ် ဆိုရင် ဒီ Link ကနေ Register လုပ်ပါ



အပေါ်က ပေးထားတဲ့ link ကို နှိပ်လိုက်ရင် အောက်မှာ ပြထားတဲ့ ပုံကို ရောက်သွားပါလိမ့်မယ်

Image and video hosting by TinyPic 
အဲ့ဒီ့ပုံမှာ အနီရောင် ၀ိုင်း ပြထားတဲ့ Join Now ဆိုတာ နေရာ ကို နှိပ်လိုက်ပါ
ဒါဆိုရင်တော့ အောက်မှာ ပြထားတဲ့ web page ကိုရောက်သွားပါလိမ့်မယ်
   Image and video hosting by TinyPic 
ရောက်သွားရင်တော့ အပေါ်ပုံမှာ နမူနာဖြည့်စွက်ပြထားတဲ့ အတိုင်း မိမိဘာသာ လိုအပ်သလိုဖြည့်စွက် ပါ. Account Type မှာ တော့ ကျွန်တော် တို့က ငွေရှာမှာ ဖြစ်တဲ့ အတွက် Link Shrinker ကို ရွေးချယ်ပါ. Human Check မှာ ပေးထားတဲ့ Captcha code ကိုရိုက်ထည့်ပြီး  Join ဆိုတဲ့ နေရာကို နှိပ်လိုက်ရင် အောက်မှာ ပြထားတဲ့ ပုံကို ရောက်သွားပါလိမ့်မယ်.
  Image and video hosting by TinyPic
ရောက်သွားနေရာကတော့ သင့် Register လုပ်ခဲ့တဲ့ မေးလ်ကို adf.ly ဆိုဒ်က confirm လုပ်ဖို့ အတွက် Automatic mail တစောင် ပို့ထားတဲ့ အကြောင်း အသိပေးတဲ့ web page.
 ဒါဆိုရင် သင် Register လုပ်ထားတဲ့ mail ကို ဖွင့်ပြီး adf.ly က ပို့ထားတဲ့ မေးလ် ကို ဖွင့်လိုက်ရင် အောက်မှာ ပြထားတဲ့ ပုံစံအတိုင်းတွေ့ရပါမယ်
Image and video hosting by TinyPic 
သင် ရှာလို့ တွေ့ပြီဆိုရင် မြှား အနီရောင် ပြထားတဲ့ နေရာက activation key ကို copy လုပ်ထားလိုက်ပါ. ပြီးတော့ အနီရောင် ၀ိုင်းထားတဲ့ နေရာကို နှိပ်လိုက်ရင် တခြား webpage တခုကို ရောက်သွားပြီး ပေးထားတဲ့ activation key နဲ့ confirm လုပ်လို့ ရှိရင် adf.ly အကောင့် တည့်ဆောက်တာ ပြီး စီး သွားပါပြီ

ဆက်လက်ပြီးတော့ ငွေရှာ ဖို့ ပြင်ဆင်တဲ့ ပုံ အဆင့်ဆင့်ကို ပြသသွားပါမယ်.
 အကောင့်တည်ဆောက်လို့ ပြီးစီးသွားရင် သူရဲ့ official website ကို ဒီ Link ကနေ ပြန်သွားလိုက်ပါ.
ဒါဆိုရင် အောက်မှာ ပေးထားတဲ့ ပုံစံကို ရောက်သွားပါလိမ့်မယ်
Image and video hosting by TinyPic 
ရောက်သွားရင်တော့ အနီရောင် မြှားပြထားတဲ့ နေရာက Log In ကိုနှိပ်လိုက်ပါ.
ဒါဆိုရင် အောက်မှာ ပေးထားတဲ့ ပုံစံကို ရောက်သွားပါလိမ့်မယ်
Image and video hosting by TinyPic 
 ရောက်သွားရင်တော့ အနီရောင် ပြထားတဲ့ square နှစ်ခု မှာ အပေါ်မှာ Register လုပ်ခဲ့တဲ့ mail account name ကို ရိုက်ပြီး အောက်မှာ တော့ password ကို ရိုက်ပါ. ပြီးရင် အနီရောင် မြှားပြထားတဲ့ Log In ကိုနှိပ်လိုက်လို့ရှိရင် အောက်ပါပုံမှာ ပြထားတဲ့ web page ကိုရောက်သွားပါလိမ့်မယ်
Image and video hosting by TinyPic 
လက်ရှိမှာတော့ ကျွန်တော်ရဲ့ အကောင့်က ပြင်ဆင်ပြီးသား ဖြစ်တဲ့အတွက် Account Balance မှာ ငွေ နည်းနည်းပါးပါးတွေ့ရမှာပါ.
အနက်ရောင် မြှားပြထားတဲ့ နေရာကတော့ ကျွန်တော်ရဲ့ လက်ရှိ Account Balance ပါ. $0.00357 ရှိနေတာ တွေ့ရမှာပါ. သင်အနေနဲ့ ဆိုရင် $0.00000 ကနေ စမှာပါ.
ဒါဆိုရင်တော့ ငွေရှာဖို့ စတင် ပြင်ဆင်ပါတော့မယ်.

ပထမ ဆုံး အနေနဲ့ အနက်ရောင် ၀ိုင်းပြထားတဲ့ နေရာမှာ မိမိရဲ့ အသုံးပြုစေချင်တဲ့ link တခု ကို ရိုက်ထည့်လိုက်ပါ. ဥပမာ အနေနဲ့ gmail.com ကို ရိုက်ထည့်လိုက်ပါ.
ရိုက်ထည့်ပြီးရင် အနီရောင် မြှားပြထားတဲ့ Shrink ဆိုတဲ့ နေရာ ကို နှိပ်လိုက်ရင် အောက်မှာ ပေးထားတဲ့ ပုံစံကို ရောက်သွားပါလိမ့်မယ်
Image and video hosting by TinyPic 
သင်ရိုက်ထည့်လိုက်တဲ့ gmail.com ဟာ အနက်ရောက်ဝိုင်းပြထားတဲ့ link တခု အဖြစ်ပြောင်းလဲသွားတာ တွေ့ရပါတယ်.
ဒါဆိုရင်တော့ သင်ဟာ အနက်ရောင် မြှားပြထားတဲ့ copy ဆိုတဲ့ နေရာကို နှိပ်လိုက်ရင် အဲ့ဒီ link ကို copy လုပ်ပြီး သွားပါပြီ.
အဲ့ဒီ့ link က အရေး ကြီးပါတယ်. သင် copy လုပ်ထားတဲ့ link ကို facebook, twitter နဲ့ တခြား forum တွေမှာ share လုပ်ထားပါ. ဥပမာ အနေနဲ့ ပြောတာနော်. တခြား နေရာတွေမှာလည်း share လို့ရပါတယ်. ဥပမာ ( http://adf.ly/WztXl )
ပြီးတော့ အနီရောင် ၀ိုင်းပြထားတဲ့ နေရာကတော့ သင့် shrink လုပ်ထားတဲ့ URL တွေ့ရဲ့ နေရာပါ. အချိန်မရွေး ပြန်လည် ကြည့်လို့ရပါတယ်.


ပြီးတော့ အနီရောင် ပြထားတဲ့ square ထဲက Account ကိုနှိပ်လိုက်ရင် အောက်မှာ ပေးထားတဲ့ ပုံစံကို ရောက်သွားပါလိမ့်မယ်
Image and video hosting by TinyPic 
ဒါကတော့ သင့်ရဲ့ Account Setting Page နမူနာပုံစံပါ.
Payment Processor မှာ Paypal ကို ရွေးပြီး Withdrawal account မှာ သင့်ရဲ့ Paypal email ကိုရိုက်ထည့် လိုက်ပါ. ကျန်တာတွေက ကတော့ မိမိရဲ့ Information တွေ ဖြည့်လိုက်ပြီး  အနက်ရောင် မြှားပြထားတဲ့ Update Account ကို နှိပ်လိုက်ရင် သင်ဖြည့်ထားတဲ့ Paypal email ထဲကို သင့်ရဲ့ Account Balance ဟာ $5.00 ရောက်တဲ့ အခါ Adf.ly Payout Policy အတိုင်း auto ပေးမှာ ဖြစ်ပါတယ်.

ဒါအပြင် တခြားငွေရှာလို့ရတဲ့ နည်းလမ်းကတော့ ဆိုဒ်ကို သင့်ရဲ့ သူငယ် ချင်းများကို ဖိတ်ခေါ်လို့ သူတို့ join ခဲ့လို ရှိရင် သူတို့ ရရှိတဲ့ ၀င်ငွေ 20 % ကို ဆိုဒ်က ပြန်ပေးသွားမှာဖြစ်ပါတယ်.
Direct Referral Link ကိုရယူဖို့  Referral ဆိုတဲ့ နေရာကို နှိပ်လိုက်ရင်  အောက်မှာ ပေးထားတဲ့ ပုံစံကို ရောက်သွားပါလိမ့်မယ်
Image and video hosting by TinyPic 
ပုံမှာပြထားတဲ့ အနက်ရောင် ၀ိုင်းထားတဲ့ နေရာကတော့ သင်ရဲ့ DR link ပါ.

အောက်မှာဆက်လက် ပြီး တော့ သင့် Shrink လုပ်ထားတဲ့ Shorten URL နဲ့ ငွေဘယ်လို ရှာရလဲ ဆိုတာ ဆက်လက် ဖော်ပြပေးပါမယ်.

Share လုပ်ထားတဲ့ Link ကို တခြားသူတယောက်က နှိပ်လိုက်ရင် အောက်မှာ ပြထားတဲ့ နမူနာပုံစံကိုရောက်သွား မှာပါ
Image and video hosting by TinyPic 
အဲ့ဒီမှာ အနီရောင်နဲ့ ၀ိုင်းပြထားတဲ့ SKIP AD ဆိုတဲ့ နေရာကိုကြည့်လိုက်ပါ. နှိပ်လိုက်တဲ့ သူဟာ စကြည့်ကြည့်ခြင်း SKIP AD ကို တွေ့ရမှာ မဟုတ်ပါဘူး. သူအနေနဲ့ အရင်ဆုံး အဲ့နေရာမှာ Count Down 5 sec ကို တွေ့ရမှာပါ. ပြီးမှာ အဲ့ဒါ ပေါ်မှာပါ.
အဲ့ဒီ SKIP AD ကို နှိပ်လိုက်လို့ ရှိရင် သင် ရဲ့ မူလ link ဖြစ်တဲ့ gmail.com ကိုရောက်သွားမှာပါ.

ပြီးတော့ အဖြုရောင် ၀ိုင်းပြထားတဲ့ နေရာကတော့ link နှိပ်လိုက်တဲ့ သူ ရဲ့ နိုင်ငံ ပေါ်မူတည်ပြီး ကြော်ငြာကို တွေ့ရမှာပါ. အခုလောလောဆယ်မှာ ကျွန်တော် နမူနာ ပြထားတာဖြစ်တဲ့ အတွက် adf.ly ရဲ့ official web page ကိုပဲ ပြန်မြင်နေရာတာပါ.

ဆိုလိုတဲ့ သဘောက တော့ သင်ဟာ ငွေရှာ ဖို့ အတွက် main link တခု ကို adf.ly မှ တဆင့် shrink လုပ်တဲ့အခါမှာ Shorten URL link တခု ရမှာပါ. အဲ့ဒီ ရတဲ့ link ကို သင့်ရဲ့ facebook ကဲ့သိုသော တခြားနေရာတွေမှာ share လို့ တခြားသူ တယောက်က အဲ့ဒီ့ link ကို နှိပ်မိလို့ရှိရင် သင့်ရဲ့  Shorten URL link ရဲ့ webpage ကို ရောက်သွားပြီ သူရဲ့ နိုင်ငံ ပေါ်မူတည်ပြီး အဖြုရောင် ၀ိုင်းပြထားတဲ့ နေရာမှာ ကြော်ငြာတွေ ပေါ်မှာပါ. ပြီး တော့ count down 5 sec ပြီးသွားလို့ SKIP AD ကိုနှိပ်လိုက်ရင် သင့်ရဲ့ main link ကို ရောက်သွားမှာပါ.

ကြည့်ရှု့တဲ့ သူရဲ့ နိုင်ငံပေါ်မူတည်ပြီး သင်က ငွေရမှာပါ. USA, UK ကဲ့ သို့ သော နိုင်ငံမျိုးမှ visitor ဆိုရင် $1 CPM အထိရနိုင်ပါတယ်.

ဒါဆိုရင်တော့ သင်ဟာ adf.ly နဲ့ ငွေရှာဖို့ အကြောင်းကို နားလည်ပြီဆိုတော့ အခုပဲ အကောင့် လုပ်ကာ ငွေရှာလိုက်ပါလို့ အကြံပြုပါရစေ.

0 comments:

Post a Comment

 
Top